Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    RNA- ဩဂုတ် ၂၉ ရက်။

    စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ ” လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် ” ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။[embedyt] https://www.youtube.com/watch?v=ARQOl0Exo7E[/embedyt] စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။

    Red Nes Agency

  • မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

    ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

    ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အားကစားကွင်းနှင့်ပန်းခြံများ၊ အခြားမြေလွတ်မြေရိုင်းများ ပြန်လည်ရရှိရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်ခဲ့ပြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်တပ်လက်ပါးစေများက ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ပြည်တွင်းတနေရာတွင် ရှောင်တိမ်းနေရင်း ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လူထုတွေ့ဆုံပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကန်သာယာပြည်သူ့ပန်းခြံတွင် ပြုလုပ်ခဲ့ရာ ဆရာဦးဇော်လွင် ပြည်သူများအား ပြောကြားခဲ့သည့် အမှတ်တရစကားများကို ပြန်လည်ဖော်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=udF9lIGUNX8[/embedyt] Red News Agency

  • “ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

    “ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

    ဖားကန့်၊ ဩဂုတ် ၁၁ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုပြည်သူများက ယနေ့ ( ဩဂုတ်လ ၁၁ ရက်) နံနက်က အာဏာသိမ်းစစ်ကောင်စီအား ချီတက်ဆန္ဒပြကြရာတွင် “ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=jKNrhGgW–g[/embedyt] Red News Agency

  • နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

    နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

    ဖားကန့်၊ ဇူလိုင် ၃၀ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လူငယ်တချို့က လမ်းပေါ်ထွက်ကာ ” နောင်မျိုးဆက်တွေ အနာဂတ်လှဖို့့ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်” ဟုဆိုကာ ယနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ကျေးရွာအတွင်းလှည့်လည်ကာ အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=Jcia7JdZ2ik[/embedyt]Red News Agency

  • ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက Ruby Mart မီးလောင်

    ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းက Ruby Mart မီးလောင်

    ပြည်သူများ အပြင်မထွက်ရဲသည့်အချိန် Ruby Mart မီးလောင်

    ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်ရှိ Ruby mart ဧပြီလ ၁ရက် နံနက် ၁နာရီခွဲခန့်က စတင်မီးလောင်ခဲ့သည်။ ယခုအချိန်သည် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက နေ့ရောညပါ အချိန်ပြည့် လမ်းမများပေါ်တွင်နေပြီး ပြည်သူများမှာ ညပိုင်းအချိန် အပြင်မထွက်ရဲသည့်အချိန် မီးလောင်ခြင်း​ ဖြစ်သည်။[embedyt] https://www.youtube.com/watch?v=nP4P2L1QaFI[/embedyt]

    ယနေ့ နံနက် စောစော မီးလောင်မှုသည် မြန်မာစစ်တပ်ပိုင် စီးပွား ရေးလုပ်ငန်းများဖြစ်သော Ruby Mart နှင့် Gandamar whole sales ကုန်တိုက်တို့ တပြိုင်တည်းနီးပါး မီးလောင်မှု ဖြစ်ပွားခဲ့ချိန်တွင် ရန်ကုန်မြို့တွင် အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward ရောက်ရှိနေချိန်ဖြစ်သည်။ အမေရိကန်သတင်းဌာန CNN ၏ နိုင်ငံတကာသတင်း ထောက်ချုပ် Ms Clarissa Ward သည် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွှင်း လုံခြုံရေးအဖွဲ့များနှင့် သတင်းလိုက်ယူစဉ် လှိုင်သာယာမြို့နယ်ရှိ မီးလောင်ခံခဲ့ရသည့် စက်ရုံများ၊ ဧပြီလ ၁ ရက်နေ့နံနက်ပိုင်းက မီးလောင်သွားသည့် Gandamar whole sales ကုန်တိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်ခဲ့သည့် တရားရုံးတို့ကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက လိုက်ပို့နေကြောင်း သိရသည်။

    Red News Agency

  • နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

    နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

    RNA- မတ် ၁၃ ရက်။

    ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ ညဦးပိုင်းက နွေဦးတော်လှန်ရေး စာလုံးပုံဖော်ပြီး ဖရောင်းတိုင်မီးများထွန်းကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်သုံး ဖြိုခွင်းခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထိ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၈ ဦးသေဆုံးခဲ့ရသည်။[embedyt] https://www.youtube.com/watch?v=8VReR3o5FhE[/embedyt]

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း( မတ်လ ၁၃ ရက်နေ့အထိ) သေဆုံးသူ ၇၀ ကျော်ရှိပြီး၊ AAPP စာရင်းများအရ ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • မင်းဘူးမြို့တွင် ယနေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

    မင်းဘူးမြို့တွင် ယနေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

    RNA- မတ် ၁၃ ရက်။

    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ညဦးပိုင်းတွင် ဖရောင်းတိုင်မီးများထွန်းကာ လမ်းလှျောက် ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိသည့်အတွက် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် စစ်တပ်နှင့်ရဲက သေနတ်အစစ်များအပြုပြီးပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ယနေ့ (မတ်လ ၁၃ ရက်) တွင် ပြည်မြို၊ ချောက်မြို့၊ မန္တလေးမြို့၊ ရန်ကုန်တိုင်းတို့မှ ပြည်သူတစ်ချို့ အသက်ဆုံးရှုံးခဲ့ကြရသည်။[embedyt] https://www.youtube.com/watch?v=Q2XRi8UFzAU[/embedyt]

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း( မတ်လ ၁၃ ရက်နေ့အထိ) သေဆုံးသူ ၇၀ ကျော်ရှိပြီး၊ AAPP စာရင်းများအရ ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

    အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

    လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

    RNA ရန်ကုန်၊ မတ် ၆ ရက်။

    အာဏာသိမ်းမှုနှင့် ပြည်သူများကို သေဆုံးမှုများနှင့်ပတ်သက်ပြီး မခံစားနိုင်တော့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူးရဲအုပ်ဝင်းသန်းထွန်းသည် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်းမှစတင်ကာ CDM ( Civil Diosobedience Movement) ပြုလုပ်လိုက်ပြီဟု Red News Agency ကို ပြောသည်။

    ” အွန်လိုင်းမှာကြည့်နေ မြင်နေရတာက ဒါတွေ တွေ့နေရတယ် သေသွားပြန်ပြီ ကလေးလေး၊ တစ်ယောက် မှန်သွားပြန်ပြီ၊ မြောက်ဥက္ကလာလို ဖြစ်စဉ်မျိုးဆို တော်တော်ခံစားရတယ်၊ ကျွန်တော်ထင်တယ် တပ်ဖွဲ့မှာလဲ ပြိုကွဲမှုက တော်တော်များပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတော့ တပ်ဖွဲ့တွေ တော်တော်ခံစားရတယ်။ ဖြစ်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ မြောက်ဥက္ကလာ ဖြစ်စဉ်က တော်တော်ဆိုးတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲ တပ်ဖွဲ့ဝင်တော်တော်များ၏ ရင်ထဲမှာ မခံစားနိုင် ကျတော့ဘူး “ ဟု အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်းက ပြောသည်။ [embedyt] https://www.youtube.com/watch?v=pZ6gFlq4enQ[/embedyt]ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်အများအပြားသည် ပြည်သူနှင့်တူ ပူးပေါင်းကာ CDM ပြုလုပ်လာသူ များပြားနေသည်။

    Red News Agency

  • ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

    ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

    RNA။ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်။

    မြောက်ဥက္ကလာပမြို့နယ် ( ဋ ) ရပ်ကွက် သပြေခြံတွင် အာဏာသိမ်းအစိုးရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးက ဦးဆောင်ပြီး လူမိုက်များဖြင့် ဓားဖြင့်ထိုးခြင်း၊ ရပ်ကွက်စိန်ခေါ်ခြင်းများ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

    စစ်အစိုးရ ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးကဦးဆောင်ပြီး လူမိုက်များဖြင့် ဓားကိုင်ရမ်းကားကာ ပြုလုပ်ခဲ့မှုတွင် ရပ်ကွက်အတွင်းမှ ပြည်သူတစ်ဦး ဓားထိုးခံခဲ့ရကြောင်း၊ လူမိုက်များအဖွဲ့မှလဲ ရပ်ကွက်မှ ဝိုင်းဖမ်းရာ တစ်ဦးမိထားကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=Q7JlH7ik-rg[/embedyt]

    ယနေ့ ရန်ကုန်မြို့တွင်းတွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို တပ်မတော်ထောက်ခံသူများက ဓားဖြင့်ထိုးမှု၊ ဝိုင်းဝန်းရိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

    Red News Agency

  • မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၅၀၅ (ခ) ဖြင့် တရားစွဲခံရ

    ဒီလှိုင်း။ မကွေး၊ ဖေဖော်ဝါရီ ၂၃ ရက်။

    မကွေးတိုင်းဒေသကြီီီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို လက်ထောက်ညွန်ကြားရေးမှူးက တရားလိုပြုလုပ်ကာ ဒီကနေ့ (ဖေဖော် ဝါရီလ ၂၃ ရက်) မှာ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။[embedyt] https://www.youtube.com/watch?v=Yikerbscz_s[/embedyt] Red News Agency