Tag: People’s Revolution Alliance ( PRA – Magway)
-

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော
RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway အနေဖြင့် စစ်ရေးရည်မှန်းချက်များတွင် ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း တခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု PRA – Magway စစ်ဦးစီးချုပ် ဟာကြူလီက Red News Agency နှင့်အင်တာဗျူးတွင် ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=_zjdXUvb4lU[/embedyt]မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်နေသည့် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။ -

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့
RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ -

ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)နှင့် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းပါဝင်ပြီး ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော
RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=r3tCE2q1Rl4[/embedyt]“ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။ -

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ
RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု – People’s Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။
-

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်
RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People’s Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။
