Tag: မြင်းခြံ
-

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ
RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။
-

လွတ်လပ်ရေး ကျောက်တိုင်ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ
RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။
စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။
#RedNewsAgency



