Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ကျပ်သိန်း ၁ သောင်းဂုဏ်ပြု

RNA_စက်တင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော အာဏာသိမ်းစစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ဂုဏ်ပြု ဆုငွေ သိန်း ၁ သောင်း နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) ကျင်းပခဲ့သည်ဟု NUGက ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပြီး တာဝန်ရှိသူများနှင့် ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာအတွင်း ဇွန်လ ၂၃ ရက်နေ့က အာဏာသိမ်းစစ်တပ်၏ Mi-17‌လေယာဉ်ဆင်းသက်စဉ် မြိုင် ပကဖ၊ ပေါက် ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင်ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင် ( ၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ )၊ တိုင်းပကဖ စစ်ကြောင်း ၄ နှင့် ဒေသတွင်း ပူးပေါင်းအဖွဲ့များ ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ရွက်နိုင်ခဲ့သည်ဆိုပြီး တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံနှင့်အတူ မြိုင် ပကဖ မှ ပြန်ထားသည်။

#REDNEWS #RedNewsAgency #RNA

By Editor