RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာကို ယနေ့ လွတ်လပ်ရေးနေ့တွင် ဒေသခံရွာသူ ရွာသားများထွက်ပြေးနေရာမှ ပြန်အရောက်တွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားချိန်တွင် အမျိုးသမီး (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်သွားခဲ့သည်။

စစ်ကောင်စီ၏ ရွှေဘိုလေ့ကျင်ရေး တပ်နှင့် ပျူစောထီများ ပါဝင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အလယ်ရှိုကျေးရွာအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်စွဲအထိုင်ချနေခဲ့ချိန်တွင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်ပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် နေအိမ် ၁၀၀ ကျော်ကို် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။


အလယ်ရှိုရွာမှ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူများမှာ ဦးချစ်ခင် (အသက်-၆၅နှစ်)၊ ကိုအောင်ကို (အသက်-၃၅နှစ်)၊ ကိုဆန်းနိုင် (အသက်-၂၁နှစ်)၊ မောင်နေမျိုးအောင် (အသက်-၁၇နှစ်)၊ ဦးထွန်းမင်း( အသက်-၄၈နှစ်)၊ ကိုကျော်စိုးအောင်(အသက်-၄၃နှစ်)၊ ကိုအောင်မြင့်သန်း (အသက်-၃၈နှစ်)၊ဒေါ်ဝင်းဌေး (အသက်-၄၅နှစ်)၊ ဒေါ်ချောပို (အသက်-၄၈နှစ်) တို့ဖြစ်ဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က လွတ်လပ်ရေးနေ့ အလယ်ရှိုရွာ မြင်ကွင်းဟုဆိုကာ သေဆုံးသူအလောင်းများနှင့်အတူ ထုတ်ပြန်ကြေညာထားသည်။





Red News Agency