ငဖဲမြို့နယ်

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)
Read More
နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ် - အရှို (Chin Defence Force - Asho)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်း ရဲဘော်ဆလိုင်းနေမျိုးအောင် ကျဆုံးခဲ့ရသည်။ ရဲဘော်ဆလိုင်းနေမျိုးအောင်သည် ချင်းမျိုးနွယ်စုအားလုံးနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လမ်းဟောင်းတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု CDF - Asho ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်း ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး ယာဉ် (၁) စီး မီးလောင်ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးသွားကြောင်း သိရသည်။ (more…)
Read More
ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပဒါန်းဘက်မှတက်လာသော အင်အား ၁၀၀ ခန့်ပါ ခဲယမ်းတင်ကား (၄)စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာ အနောက်ဘတ်တွင် ပဒါန်းမှတက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ၏ ခဲယမ်းတင်ကား (၄) စီးအား PRA -Magway ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ရာ ကား (၁) စီးပျက်စီးပြီး (၅) ဦးသေဆုံးသွားသည်ဟု သိရသည်။ (more…)
Read More
(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

(၂) ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး ဖမ်းဆီးရမိ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၅ ခုနှစ်။ အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ (၁၃) ရက်နှင့် (၁၄) ရက်နေ့တို့တွင် ငဖဲမြို့နယ် အတွင်းမှ ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး အရှင်ဖမ်းဆီးရမိကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ

စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ

RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းနှင့် ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ် အစပ်ရှိ ရွှေစက်တော်ဘုရားအနီးတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့် ကြိုတင်ခံစစ်ပြင်နေပြီး ခရီးသွားပြည်သူများကို ပေါ်တာဆွဲ အဓမ္မတပ်သားသစ်များ စုဆောင်းနေသည့်အတွက် ပြည်သူများ ရွှေစက်တော်ဘုရားအနီး မသွားလာကြရန် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ယနေ့ မေတ္တာရပ်ခံထားသည်။ မန်းရွှေစက်တော်ဘုရားအနီး ကျေးရွာများဖြစ်သေသာ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးမြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ ပစ္စည်းများကို လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများ၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခံရသော ဒေသခံများကို…
Read More
အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၅)၊၂၀၂၅ ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာ စခန်းတို့မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးအား လက်နက်ငယ် (၉) လက်နက်၊ ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က ချင်းကာကွယ်ရေးတပ် - အရှိုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။  မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။  ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့်…
Read More
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ၄ ဦးအပါဝင် စစ်ကောင်စီလက်အောက်ခံ (၆) ဦးကို PRA – Magwayက ဖမ်းဆီးထား

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ၄ ဦးအပါဝင် စစ်ကောင်စီလက်အောက်ခံ (၆) ဦးကို PRA – Magwayက ဖမ်းဆီးထား

RNA_ဧပြီ(၃)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် ရခိုင်ပြည်နယ် အမ်းမြို့အနေခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံတပ်ဖွဲ့ဝင် (၄) ဦးနှင့် တတက (၉) မှထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ (၂) ဦးတို့ကို PRA - Magway ကဖမ်းဆီးရမိကြောင်း သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် (၄) ဦးကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခလရ (၆၃) လက်အောက်ခံ (၂) ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂…
Read More