Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အခြေချလှုပ်ရှားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger အနေဖြင့် မြင်းခြံခရိုင်အတွင်း လွတ်မြောက်နယ်မြေရရှိရေး ကြိုးပမ်းနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=7srwNBh569A[/embedyt]

    #RedNewsAgency #REDNEWS #RNA #MBT

  • ယနေ့ အတွက် Red News သတင်းများ

    ယနေ့ အတွက် Red News သတင်းများ

    ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။

    Red News Agency

  • ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ယနေ့ မြ၀တီမှဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ တရုတ်အစိုးရက ပြန်လည်ခေါ်ထုတ်နေသည်။
     
    ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို BGF ကတဆင့် ပြန်လည်အပ်နှံကာ မြ၀တီမြို့တွင် ထောင်ကျော်ရှိနေကြောင်း၊ တရုတ်အစိုးရမှ တရုတ်နိုင်ငံသားများကို ယနေ့ စတင်ကာ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် မဲဆောက်လေဆိပ်သို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

    (more…)

  • ကျားဖြန့်နှင့်မူးယစ်ဆေးကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော

    ကျားဖြန့်နှင့်မူးယစ်ဆေးကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၅ခုနှစ်။
    ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA) နယ်မြေအတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများနှင့် မူးယစ်ဆေးကိစ္စကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ယနေ့ မြဝတီမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    (more…)

  • ယနေ့အတွက် သတင်း

    ယနေ့အတွက် သတင်း

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA

  • ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ
    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။
     
    ရွှေကုက္ကိုက တရုတ်များ စက်သုံးဆီကို ရသလောက်ဝယ်ယူနေကြောင်း၊ တေးရေးဆရာ နိုင်မြန်မာအား ရည်စူးပြီး ကုသိုလ်ပြုလုပ်ပွဲ၊ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရမှု သတင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ကာစီနီုလောင်းကစား ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည့် သတင်းစသည်တို့ကို တင်ပြထားသည်။
     
    #RedNewsAgency #RNA #rednews
  • ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

    ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။

    ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရပြီး စွန့်ပစ်ခံထားရသူ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆၀) ဦးအား DKBA က လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းလမ်းစရိတ်အဖြစ် ပေးကာ ထိုင်းအာဏာပိုက်များထံ ယနေ့ လွှဲအပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    #rednews #rednewsagency #rna #myanmar #revolution

  • ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် ကမ္ဘာမကြေသီချင်း

    ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် ကမ္ဘာမကြေသီချင်း

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၅ခုနှစ်။

    ရှစ်လေးလုံး လူထုအရေးတော်ပုံအတွင်း ကမ္ဘာမကြေသီချင်းက အာဏာရှင်ဆန့်ကျင်ရေးအတွက် ဘယ်လောက်အရေးကြီးခဲ့သလဲ၊ နွေဦးတော်လှန်ရေးမှာ ကမ္ဘာမကြေသီချင်းနှင့် ချီတက်နေကြရသည်ဟု ရှစ်လေးလုံးအရေးတော်ပုံကာလ ကျောင်းသားသမဂ္ဂမှာပါဝင်ခဲ့သူ နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်နေသူ တစ်ဦးက ပြောပြထားသည်။

    #rednewsagency #RedNews #RNA

  • ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံနှင့် သုံးမိုင်ပေါက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ခန့်ထိခိုက်နိုင်သည်ဟု မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း – ပွင့်ဖြူ PDF ထံမှ သိရသည်။
     
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နေ့လယ် ၂ နာရီကျော်တွင် မိနစ် (၃၀) ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီတပ်သည် ကြီးအုံကြီးဝ တမံသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှ ၆ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    (more…)