Video

စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=j9hlE_S3QW8[/embedyt] Red News Agency
Read More
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်း ပြုလုပ်

ကိုကိုလွင်။ ပုလဲ၊ ဖေဖော်ဝါရီ ၄ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့တွင်သာမက ကျေးလက်တောရွာများပါ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန့်ကျင်ရေးကို “ကမ္ဘာမကြေဘူး” သီချင်းဖြင့် သံပုံးတီးကမ်ပိန်းကို ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီက ပြုလုပ်ခဲ့သည်။ “ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေကတော့ အရင်ညတွေကတည်းက သံပုံးတီးကမ်း လုပ်နေကြတယ်၊ ပုလဲမြို့ပေါ်လည်း မနေ့ညက လုပ်တယ်လို့ သိရတယ်၊ ကျွန်တော်တို့ တောရွာတွေကတော့ ဒီနေ့ည စလုပ်တယ်၊ ညတိုင်း ၈ နာရီထိုးတာနဲ့ ဆက်လုပ်သွားမယ်” ဟု ပုလဲမြို့နယ်မှ ကိုမြဝင်းကပြောသည်။[embedyt] https://www.youtube.com/watch?v=B2cFZQafpGU[/embedyt] Red News Agency
Read More
COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

ဇင်လင်းနိုင်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက််။ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အတွင်းရှိ (ဌ) စျေးနှင့် မြဥယျာဉ် စိုက်ပျိုးရေးခြံ မွန်ကွေ့ စျေးတို့မှ စျေးသည်များ၊ စျေးဝယ် ပြည်သူများကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက COVID-19 Community Centre North Okkalapa (CCCN) မှ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=B_MxnmiZjWg[/embedyt] Red News Agency
Read More
ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=16dT7oNxG9g[/embedyt] Red News…
Read More
“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

ရိုက်ကူး- ဒီလှိုင်း ပွင့်ဖြူ၊ နိုဝင်ဘာ ၂၂ ရက်။ ” မတရားသောနည်းဖြင့် အာဏာရယူဖို့ကြိုးစားသော အစိုးရ အလိုမရှိ အလိုမရှိ။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” စသဖြင့် ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ စီတန်းလှည့်လည် လူအင်အား ၂၅၀ ကျော် ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=6tcMYT31TK8[/embedyt] Red News Agency
Read More
ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

လူဦးရေ ၅ သိန်းကျော်နေထိုင်တဲ့ ရွှေပေါက်ကံမှာ မဲနစ်နာသူ ၃ သောင်းကျော်ရှိနိုင် ဇင်လင်းနိုင် ရန်ကုန်၊ သြဂုတ် ၁၃ ရက်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်မှာ မဲနစ်နာနိုင်တဲ့လူ ၃ သောင်းကျော် ရှိနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။ ရွေ့ပြောင်းလုပ်သားများပြားတဲ့ ရွှေပေါက်ကံရပ်ကွက်မှာ တရားဝင်စာရင်းအရ နေထိုင်သူ ၅ သိန်းကျော်ရှိပြီး၊ ဒီထက်မက လူဦးရေ ပိုများနိုင်ပါတယ်။ ရွှေပေါက်ကံရပ်ကွက်မှာ ရပ်ကွက်ခွဲ ၁၁ ခုရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းများနဲ့ ပတ်သက်ပြီး…
Read More
တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

အောက်ထက် (မင်္ဂလာဒုံ) သြဂုတ်၊ ၆ ရက်။ COVID-19 ကာလအတွင်း လူစုလူဝေး ပြုလုပ်ကာ တရားပွဲ ပြုလုပ်ခဲ့သည့် တရားဟောဆရာ ဒေဗစ်လားနှင့် ကိုဝေထွန်းတို့ကို သြဂုတ်လ ၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ် ၃ လချမှတ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=-JJWkjpBKYw[/embedyt] Red News Agency
Read More
ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ကိုတာ (ဖားကန့်)၊ ဖားကန့်၊ သြဂုတ် ၅ ရက်။ ဖားကန့် ဝှေခါမြေပြိုမှုတွင် သေဆုံးသူ ၂၀၀ ဝန်းကျင်ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးခဲ့ပေမဲ့ ၁ လကြာသည်အထိ အစီရင်ခံစာ ထွက်မလာသေးဘူး ဖြစ်နေပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဖားကန့်မြို့ အလင်းတန်းစာကြည့်တိုက် အတွင်းရေးမှူး ဦးမျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။[embedyt] https://www.youtube.com/watch?v=cVvosm8j0pk[/embedyt] Red News Agency
Read More
ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

ဥပဒေချိုးဖောက်ပါက ပါတီဒုဥက္ကဌဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ၊ ညီ ဖြစ်ဖြစ် ဖမ်းရမည်ဟု ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုပြော ဒီလှိုင်းမကွေး၊ ဇူလိုင် ၂၇ ရက်။ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာတွင် ဥပဒေချိုးဖောက်ပါက ဖမ်းဆီးရမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဒေါက်တာ အောင်မိုးကြိုက ယနေ့တွင် ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=DzXV-NzGwlQ[/embedyt] Red News Agency
Read More
မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

မကွေးတိုင်းအတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ နှစ်စဉ်ကျရောက်နေသည့် ပိုးကောင်များသာဖြစ်သည်ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးက ပြော ဒီလှိုင်း၊ မကွေး၊ ဇူလိုင် ၉ ရက်။ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကြူချောင်းကျေးရွာနှင့် အခြားကျေးရွာ တချို့တွင် ကန္တာရ ကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ ရာသီဥတုကြောင့် နှစ်စဉ်ကျရောက်နေသည့် ကျိုင်းကောင် ( ဒေသအခေါ် – ဓားခုတ်ကောင်) သာဖြစ်ကြောင်း၊ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောကြားထားပါတယ်။[embedyt] https://www.youtube.com/watch?v=6MgsV-Bt06U[/embedyt] Red News Agency
Read More