Red News Agency

Independent Journalism for Justice and Human Rights.

Category: ရုပ်သံ

  • ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    တာလင်းမောင် ၊ ဖားကန့်၊ ဇူလိုင် ၄ ရက်။

    ”တာဝန်အရှိဆုံးက အဲဒီကျင်းကို တူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ။ သူတို့ဘာသာ သူတို့တူးတဲ့ ကိစ္စ။ ကျန်တဲ့သူ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်အဖွဲ့အစည်းမှာ ဘယ်လို ပြောစရာမလိုဘူး ဒီတူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားထားပါတယ်။

    ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ လုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက်နေ့က ကမ်းပါးပြိုကျခဲ့ရာတွင် ဇူလိုင်လ ၃ ရက်နေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၆၉ လောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။[embedyt] https://www.youtube.com/watch?v=1GBYhMBbhNs[/embedyt]

    Red News Agency

  • တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ [embedyt] https://www.youtube.com/watch?v=sXCsO_pUYa0[/embedyt]

    Red News Agency

  • နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

    နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

    ဇင်လင်းနိုင်၊ နေပြည်တော်၊ ဇွန် ၁၉ ရက်။

    နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု ဆိုသော်လည်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် မြေကွက် ဧရိယာမှာ မှားယွင်းနေကြောင်း ဇွန်လ ၁၉ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

    ဥတ္တရသီရိမြို့နယ်အတွင်းမှာ နေပြည်တော်စည်ပင်က မြေ ၂ ဧကရှိသည့် မြေကွက် ၁၀ ကွက်၊ မြေ ၁ ဧက ရှိသည့် မြေကွက် ၆ ကွက်ကို ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စု ဝန်ကြီးနှင့်အထက် နိုင်ငံရေးရာထူးရှိ ပုဂ္ဂိုလ်တွေ လျှောက်ထားလာသူတွေကို သတ်မှတ်ဈေးနှုန်းနှင့် ချပေးတာဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းသမားများကို ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=mxTfPCvHGsE[/embedyt]

    Red News Agency

  • ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

    ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

    ရိုက်ကူး၊ ဒီလှိုင်း၊ မကွေး၊ ဇွန် ၁၉ ရက်။

    မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲတို့က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို တုတ်ဖြင့်ရိုက်ခြင်း၊သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည့်ကို CCTV မှတ်တမ်းနှင့် ပြောပြခဲ့ခြင်းများနှင့် ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဖြစ်စဉ်ကို ရှင်းပြထားသည်။

    ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ မလုပ်ခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ရဲများကို အရေးယူမည်ဖြစ်ကြောင်း၊ အထက်လူကြီးများကိုလည်း ဖြစ်စဉ်ကို သတင်းမပို့ခဲ့ကြောင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲမှူးမြင့်လွင်က ဇွန်လ ၁၈ ရက်နေ့က မကွေးသတင်းထောက်များကို ရဲစခန်းတွင်ခေါ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူရဲများကို အရေးယူနိုင်ရေး ထမင်းဆိုင်ပိုင်ရှင်က နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=lr2x-f14WJw[/embedyt]

    Red News Agency

  • မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

    မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

    ရိုက်ကူး၊ ဒီလှိုင်း ၊ မကွေး၊ ဇွန် ၁၇ ရက်။

    မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ပြီးကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ်သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူများကို အရေးယူနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။[embedyt] https://www.youtube.com/watch?v=Hf8t4_5pW9E[/embedyt]

    Red News Agency

  • ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

    ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

    ရိုက်ကူး၊ တာလင်းမောင် (ဖားကန့်) ဘဝမျှော်လင့်ချက်တွေနဲ့ ဖားကန့်ကို ကျောက်တူး တက်ကြပေမဲ့ မြေစာပုံပေါ်က ရေမဆေးကျောက် ရှာဖွေသူတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက ဖြစ်ပါတယ်။ ဒီအထဲမှာ ယောက်ျားတွေနဲ့ တန်းတူ စီးပွားရှာနေကြတဲ့ ဈေးသည်တွေ ရှိနေပါတယ်။ မြေစာပုံက ဈေးသည်တွေဟာ သူတို့ဘဝနဲ့ သူတို့တော့ သူရဲကောင်းများဖြစ်ပါတယ်။[embedyt] https://www.youtube.com/watch?v=zt4h-cjxKW0[/embedyt]Red News Agency

  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က COVID-19 ကာလအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း များရောင်းနေ

    ရိုက်ကူး၊ ဒီလှိုင်း မကွေး၊ မေ ၁၉ ရက်။

    မကွေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်အရ မေလ ၄ ရက်နေ့ကစတင်ပြီးတော့ မကွေးမြို့ သင်ကြားရေး ဆေးရုံရှေ့မှာ တနင်္လာနေ့ကနေ သောကြာနေအထိ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ရောင်းချနေပါတယ်။

    “နေ့ခင်းစာအတွက်ရောင်းချပေးတာပါ၊အများကြီးတော့မဟုတ်ဖူး၊လူ၁၀၀စာ လုပ်လာပါတယ်၊ကြက်ဥကလဲ သက်သာတဲ့‌ဈေးနှုန်းနဲ့လတ်လတ်ဆက်ဆက် ကြက်ခြံကထွက်တဲ့ဟာရောင်းတာဖြစ်ပါတယ်၊ခုပါလာ‌တာကတော့ကြက်သားအာလူးချက်၊ငံပြာရည်ဖျော်၊ဘာလချောင်နဲ့တို့စရာသရက်သီးရယ်ပါ၊တပ်နယ်မှာရှိတဲ့တပ်ရင်းအလှည့်ကြလိုက်သင်ကြား‌ရေးဆေးရုံမှာတနင်းလာနေ့မှသောကြာနေ့အထိရောင်းပေးတာပါ။ COVID-19ရောဂါကာလမှာရောဂါကူးစက်မှုမရှိအောင်စနစ်တစ်ကျ ၁ဦးနဲ့၁ဦ း၃‌ပေအကွာဝယ်ယူခိုင်းပါတယ် ” ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၊အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ် အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးသွေးနီထက်က ပြောပါတယ်။[embedyt] https://www.youtube.com/watch?v=V70FFshtjaI[/embedyt]Red News Agency

  • ပုံမှန်မသုံးကြတဲ့အတွက် လျှပ်စစ်ယူနစ်တွေ တိုးလာရခြင်းဖြစ်သည့်ဟု လျှပ်စစ်အင်ဂျင်နီယာပြော

    ယခုလ မီတာဆောင်ရာတွင် ပုံမှန်လတွေထက် ယူနစ်များလာကြောင်း ကြုံတွေ့နေရသည့်အတွက် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးနှင့် တွေ့ဆုံမေးမြန်းရာတွင် ပုံမှန်သုံးနေပါက ယူနစ်တိုးလာစရာအ ကြောင်းမရှိဘူးဟု ဖြေကြားခဲ့ပါတယ်။

    ” အရင်လအတိုင်းဘဲ ပုံမှန်သုံးတာလို့ ပြောကြပေမဲ့ ဒေတာတွေ ရှိပါတယ်။ ထုတ်လုပ်ရတဲ့ ယူနစ်တွေ လက်ခံရတဲ့ ယူနစ်တွေ တိုးလာပါတယ်။ ပုံမှန်သုံးတယ်ဆိုရင် အဲဒီယူနစ်တွေ တိုးလာစရာ အကြောင်း မရှိပါဘူး။ ပုံမှန်မသုံးကြလို့ ယူနစ်တွေ တိုးလာတာပါ” ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထောင်းဇိုခိုင်က ပြောသည်။

    ယခုလ မီတာစာရွက်များရောက်ရှိလာချိန်တွင် ၂၀၂၀ ခုနှစ် ပထမ လမှစတင်ကာ ဒုတိယ၊ တတိယလများတွင် မီတာယူနစ် ပုံမှန်ဖြစ်နေသော်လည်း ယခုလတွင် မီတာယူနစ်များ ပြီးခဲ့သည့်လများထက် ယူနစ်များ ပိုနေသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေသည်။ [embedyt] https://www.youtube.com/watch?v=aXMThPNsC64[/embedyt]Red News Agency

  • ဖားကန့်၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြား

    တာလင်းမောင် ဖားကန့် ၊ မေ ၁၃ ရက်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကြောင့် ညမထွက်ရအမိန့်အပါအဝင် အသွားအလာများ ကန့်သတ်ပြီး လူစုလူဝေးများ ရှောင်ရှားနေရချိန် ယခုလဒုတိယ ပတ်အတွင်း မော်တော် ဆိုင်ကယ်ခိုးယူခံရမှု များပြားလာကြောင်း ဒေသခံများက ပြောသည်။

    ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ဆိုင်ကယ်(၆)စီးနှင့် ငှက်ပျောတော ရပ်ကွက်တွင်(၅)စီး၊ မြို့နယ်နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ခိုးယူခံရမှုများရှိကြောင်း၊ နေ့လည်ဘက် လူမြင်ကွင်းတွင် ရပ်ထားသည့်မော်တော်ဆိုင်ကယ် များအပြင် အချို့ကျေးရွာချင်းဆက်လမ်းများတွင် လူကိုရိုက်၍ဆိုင်ကယ်လုယူသူများလည်း ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့တွင် မေလ ၁၀ ရက်နေ့ နေ့လည်က ဆိုင်ကယ်ခိုးယူခံခဲ့ရသူ ဒေါ်အားတူက ” ကျွန်မတို့က ဆေးမြစ်တွေလိုက်ရောင်းရတာ၊ကလေး ကျောင်းပို့လည်း ဒီဆိုင်ကယ်ပဲသုံးရတာ၊ တစ်နေ့ဝင်ငွေနဲ့တစ်နေ့စားနေရတာ၊တစ်ခါနိုင်ငံတော်က ထောက်ပံ့လိုက် အသင်းတော်ကထောက်ပံ့လိုက်နဲ့ ရပ်တည်နေရတာ၊ပျောက်သွားတဲ့ဆိုင်ကယ် ကိုပြန်ဝယ်နိုင်ဖို့လည်း မလွယ်ဘူး၊ နှမျောတယ် ” ဟု ပြောသည်။

    ဆိုင်ကယ်ခိုးယူခံရတဲ့သူအများစုက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခြင်းနည်းပါးကြောင်း၊ တရားခံဖမ်းမိသည့်အခါ အမှုခိုင်မာအောင်မတည်ဆောက်နိုင်သည့်အတွက် အခက်အခဲကြုံရကြောင်း အမည်မဖော်လိုသူရဲအရာရှိ တဦးက ပြောသည်။[embedyt] https://www.youtube.com/watch?v=-9NtuV34VxI[/embedyt] Red News Agency

  • QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

    QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

    ဒီလှိုင်း၊ မြိုင် ၊ မေ ၁၂ ရက် ။

    Quarantine ဝင်နေသည့် အမျိုးသမီး အခန်းတံခါးဆွဲဖွင့်ခြင်း၊ မီးထိုးကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဟု မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ယနေ့ ( မေလ ၁၂ ရက်) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်ချက် အစီအစဉ်တွင် ပြောကြားခဲ့သည်။

    မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာ စာသင်ကျောင်းတွင် မေလ ၆ ရက်နေ့က Quarantine ၂၁ ရက်ဝင်နေသည့် ဒေါ်ဌေးခိုင်နှင့် သမီးဖြစ်သူတို့ အိပ်နေစဉ် ည ၁၁ နာရီဝန်းကျင်က သောက်စားမူးယစ်နေသည့် Quarantine စောင့်လုပ်နေသူ ဆယ်အိမ်မှူး နိုင်လင်းက ဂျက်ချထားသည့် တံခါးများကို ဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ” မနေ့က တရားခံကိုစစ်ဆေးနေတဲ့အချိန်မှာQuarantineထားတဲ့ အမျိုးသမီးအခန်းကိုပြတင်းပေါက်ဆွဲလှပ်တာ ဟုတ်ပါသလား၊ဖုန်းမီးတွေနဲ့ထိုးတာဟုတ်ပါသလား၊ကြိုးတားထားတဲ့အခန်းကိုဘာလို့သွားတာလဲလို့ တရားသူကြီးမေးတာကိုတရားခံကဝန်ခံသွားတာကြောင့် တရားသူကြီးက စစ်ဆေးခြင်းမရှိတော့ပဲနဲ့ အလုပ်ကြမ်းနဲ့ထောင်၆လအမိန့်ချမှတ်လိုက်ပါတယ်၊ သူကတော့တစ်ကယ်တမ်းကြံစည်လိုက်ပေမဲ့ကျွန်မသတိရှိလို့မအောင်မြင်လိုက်တာပါ၊ကိုယ်ထိလက်ရောက်မဟုတ်တဲ့အတွက်ကြောင့်တရားသူကြီးဆုံးဖြတ်တဲ့အတိုင်းပဲအေးနေလိုက်ပါတယ်” ဟု မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာမှဒေါ်ဌေးခိုင်ကပြောသည်။ (more…)