ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

လူဦးရေ ၅ သိန်းကျော်နေထိုင်တဲ့ ရွှေပေါက်ကံမှာ မဲနစ်နာသူ ၃ သောင်းကျော်ရှိနိုင်

ဇင်လင်းနိုင်
ရန်ကုန်၊ သြဂုတ် ၁၃ ရက်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်မှာ မဲနစ်နာနိုင်တဲ့လူ ၃ သောင်းကျော် ရှိနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။ ရွေ့ပြောင်းလုပ်သားများပြားတဲ့ ရွှေပေါက်ကံရပ်ကွက်မှာ တရားဝင်စာရင်းအရ နေထိုင်သူ ၅ သိန်းကျော်ရှိပြီး၊ ဒီထက်မက လူဦးရေ ပိုများနိုင်ပါတယ်။

ရွှေပေါက်ကံရပ်ကွက်မှာ ရပ်ကွက်ခွဲ ၁၁ ခုရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းများနဲ့ ပတ်သက်ပြီး အမှားပြင်ဆင်ချက်တွေ၊ မဲစာရင်းကောက်ခဲ့တဲ့ လုပ်ဆောင်မှု အခြေအနေ စတာတွေကို ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နဲ့ Red News Agency တို့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

Red News Agency

By Editor