မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

မကွေးတိုင်းအတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ နှစ်စဉ်ကျရောက်နေသည့် ပိုးကောင်များသာဖြစ်သည်ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးက ပြော

ဒီလှိုင်း၊ မကွေး၊ ဇူလိုင် ၉ ရက်။

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကြူချောင်းကျေးရွာနှင့် အခြားကျေးရွာ တချို့တွင် ကန္တာရ ကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ ရာသီဥတုကြောင့် နှစ်စဉ်ကျရောက်နေသည့် ကျိုင်းကောင် ( ဒေသအခေါ် – ဓားခုတ်ကောင်) သာဖြစ်ကြောင်း၊ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောကြားထားပါတယ်။

Red News Agency

By Editor