Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    RNA_ဇူလိုင်(၂၈)၊၂၀၂၃ ခုနှစ်။ 

    တော်လှန်ရေးအတွက် မိဘများ သိခံစောင့်ဆိုင်းပေးရန်နှင့် အဆုံးထိပါဝင်ပေးရန်၊ တော်လှန်ရေးပြီးသည့်အခါ မိသားစုထံပြန်လာပြီး အေးဆေးနေချင်သည်ဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဉ်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့– S.O.F တပ်ခွဲ () တပ်ခွဲအရာခံဗိုလ် နော်ဖောက ပြောကြားထားသည်။

    ဖေဖေနဲ့မေမေနဲ့ကိုလည်း ခဏလောက်တော့ သိခံပြီးတော့ စောင့်ဆိုင်းပေးပါအုံးပေါ့နော် သိခံပြီးတော့လည်း အဆုံးထိလဲ ပါဝင်ပေးပါအုံးနော်လို့ အဲလိုပြောချင်တယ်။ ပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်တော့ ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်ပါတယ်ဟု တပ်ခွဲအရာခံဗိုလ်နော်ဖောက ပြောသည်။ 

    [embedyt] https://www.youtube.com/watch?v=cXeeEzDGBWA[/embedyt]

    (more…)

  • တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  “ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TfE02xq382Y[/embedyt]

    Red News Agency

  • နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

    နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

    RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီကထုတ်မည့် ၂ သောင်းတန်ငွေစက္ကူအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ ကြေညာထားသည်။

    အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    (more…)

  • KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

    RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TDl1Kf2bRV0[/embedyt]

    ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။

    #RedNewsAgency

  • စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ

    စစ်ကောင်စီကို ပြန်တိုက်ပြီဟု ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး တရားဝင်ကြေညာ

    RNA_ဇူလိုင်()၊၂၀၂၃ခုနှစ်။

    စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသည့် ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် အာဏာသိမ်း စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု ယနေ့ တရားဝင် ထုတ်ပြန်ကြေညာထားသည်။

    ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည် (ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ်လိုက်တဲ့ သေနတ်သံများ တိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီဟု ယနေ့ ထုတ်ပြန်ကြေညာထားသည်။

    ၁၉၇၈ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ပြီး ဇွန်လ (၂၆) ရက်နေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) အဖြစ် သီးခြားဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်၊ မေလ () ရက်နေ့မှာ (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရပြီး နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်း နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဆင့်ထိ လျော့ချခံခဲ့ရကြောင်း သိရသည်။

    (more…)

  • အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

    RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM – အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=bn-pz2DvsDg[/embedyt]

    Red News Agency

  • PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

    PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

    RNA_ဇွန်(၁၆)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး CDM ပြုလုပ်သည့် စစ်တပ်မှ အရာရှိများထဲတွင်ပါခဲ့ပြီး ပထမဆုံး PDF အပတ်စဉ် (၁) သင်တန်းကို သင်တန်းပေးခဲ့သည့် နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်မှူး CDM ဒုဗိုလ်ကိုဟိန်းက အာဏာသိမ်းချိန်က ကြုံတွေ့ခဲ့ရပုံများ၊ ထွက်ပြေးလွတ်မြောက်လာမှုနှင့် ယခု လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး “ ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်မှာ ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=0_ZJcLLAYgQ[/embedyt]

    “ကိုယ့်ကိုယ်ကိုလည်း ကိုယ်လွတ်ရုန်းပြီးတော့မှ ရှင်းရှင်းပြောရရင် တတိယနိုင်ငံလည်း မသွားချင်တော့ဘူး။ အဲဒါကြောင့်မို့လို့ PDF တွေနဲ့ပဲ တူတူနေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း PDF စစ်သားလို့ခံယူပြီးတော့မှ လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်တဲ့ ပြည်သူ့စစ်သားတစ်ယောက်အနေနဲ့ပဲ တာဝန်ယူလိုက်တယ်ပေါ့နော်” ဟုစသဖြင့် CDM ဒုဗိုလ် ကိုဟိန်းက အင်တာဗျူးမှာ ပြောကြားထားသည်။

    နွေဦးတော်လှန်ရေးကာလတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှာ ပြည်သူများကို သတ်ဖြတ်၊ ကျေးရွာများကို မီးရှို့နေရသည့် ပြည်သူ့အပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် မတရားသည့် အမိန့်အာဏာများအောက် မနာခံနိုင်သည့်အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် တပ်/ရဲ များစွာရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်များ PDF များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ပြန်တိုက်နေသူများစွာရှိကြောင်း သိရသည်။

    Red News Agency

  • ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

    ထိုးစစ်ဆင်သည့်ကာလဖြစ်ပြီး (၂) နှစ်အတွင်း ထင်မှတ်မထားလောက်အောင် တော်လှန်ရေးအောင်မြင်နေ

    RNA_ဇွန်(၁၄)၊၂၀၂၃ ခုနှစ်။

    လက်နက်ကိုင်ခုခံစစ်တွင် ယခုကာလသည် ထိုးစစ်ဆင်သည့် ကာလာဖြစ်ပြီး နွေဦးတော်လှန်ရေး (၂) နှစ်အတွင်း အထင်မှတ်ထားလောက်အောင် အောင်မြင်နေသည်ဟု Red News Agency နှင့် အင်တာဗျူးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောကြားထားသည်။

    “ဒီကာလကတော့ ထိုးစစ်ဆင်တဲ့ကာလပေါ့ ဒီ ၂ နှစ်တွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ နောက်ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ တခုချင်း တခုချင်းကို အကောင် အထည်ဖော်နေကြတာပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့ မှန်းသလောက်မရောက်ပေမဲ့လည်း ကျွန်တော်တို့ မထင်မှတ်ထားလောက်အောင် တော်လှန်ရေးက အောင်မြင်နေတယ်ပေါ့နော်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တာဝန်ခံ တပ်မှူးအောင်စံရှားက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=rTWSyBKuV4s[/embedyt]

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F သည် တောင်ပိုင်းတိုင်းစစ်ဒေသတွင် အထိုင်ချပြီး မြို့ပြတိုက်ပွဲများတွင်ပါ ဖော်ဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ခံအဖွဲ့ဖြစ်ပြီး၊ မဟာမိတ်များနှင့်ပူးပေါင်းတိုက်ပွဲများ၊ မြို့ပြပြောက်ကျားတိုက်ပွဲများ ဖော်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

    Red News Agency

  • ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

    ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

    RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။
     
    လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway အနေဖြင့် စစ်ရေးရည်မှန်းချက်များတွင် ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း တခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု PRA – Magway စစ်ဦးစီးချုပ် ဟာကြူလီက Red News Agency နှင့်အင်တာဗျူးတွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=_zjdXUvb4lU[/embedyt]
    မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်နေသည့် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။

    (more…)

  • လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ

    လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ

    “ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကို အကြောင်းပြ စစ်တပ်အသုံးချခံပါတီများအဖြစ် သို့မဟုတ် စစ်တပ်လက်ဝေခံ ပါတီများအဖြစ်သာ ရပ်တည်ကြပြီး ပြည်သူထောင်ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက် စစ်ကျွန်ဘဝကို ရွေးချယ်ခဲ့ကြသူများသာဖြစ်သည်”

    မေဇော်

    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ၊ ၂၂ ရက်နေ့က ပဲခူးတိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက ရွေးကောက်ခံ အစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် စကားပြောကြားခဲ့သည့်အပြင် တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူမဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကောင်းမွန်လိုစိတ်ဖြင့်သာ လုပ်ဆောင်နေသဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့သေး၏။

    အမှန်စင်စစ်မှာမူ စစ်ကောင်စီတပ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် လူထု ဆုံးဖြတ်ထားသော မဲရလဒ်ကို လက်ခံနိုင်စွမ်းမရှိဘဲ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းသည် ၎င်းတို့အပေါ်  နိုင်ငံတကာဖိအားများလျော့ကျရန် အတွက်သာဖြစ်ပြီး ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမှာ အနှုတ်ပြနေ၏။ စစ်ခေါင်းဆောင်များသည် ယခုနှစ် ဇန်နဝါရီလက စတင်ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို အသစ်ပြဌာန်းခဲ့သည်။ ထို့နောက် ရက် (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင် UEC သို့ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးချယ်ခံရန်ပါတီများကိုစည်းရုံးခဲ့သည်။

    အဆိုပါ ရက် (၆၀) တာ ကာလအတွင်း နိုင်ငံရေးပါတီ (၆၃) ခုက မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး UEC ၏ မေလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ခွင့်ပြုချက်ရရှိသည့် နိုင်ငံရေးပါတီ ၁၆ ခု ရှိပြီဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲသို့ ဝင်ရောက်လျှောက်ထားခြင်းမရှိသည့် NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ (၄၀) ကျော်ကိုမူပါတီအဖြစ်မှဖျက်သိမ်းကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့သည်။

    (more…)