Interview

လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီသည် ဆိုးရွားပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေး‌ကေ့ကော် ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီးလျှက် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ယနေ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်တောင်းဆိုထားသည်။ Red News Agency
Read More
DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။ Red News Agency
Read More
လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာကိုလည်း ပြုမူကျင့်သုံးနေခြင်းဖြစ်သည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်လိုက်သည်။ အာဏာသိမ်း စစ်ကောင်စီ၏တပ်များ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုနှင့်ဖမ်းဆီးမှုပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့ကြောင်း၊ ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် ပစ်ခတ်ခြင်းမပြုခဲ့ကြာင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဝင်ရောက်ပြီး ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင်…
Read More
လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားများအားလုံး လက်နက်မဲ့၊ ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထု၏ ခိုလှုံရာ နေထိုင်ရာနေရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ယနေ့တွင် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌစောရွှေမောင်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။ Red News Agency
Read More
ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

NA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် (၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ အသတ်ခံထားရကြောင်း သိရသည်။ in ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၆).နာရီ ဝန်းကျင်က စမိတ်ရွာကို စစ်ကားများနှင့် စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းဆီးသွားကြောင်း၊ သတင်းအရ ရှာဖွေရာတွင် ထီးလင်းမြို့နယ် တောမရွာလမ်းခွဲအနီး အာရှပတ်လမ်း မိုင်တိုင်အမှတ် ၇၄/၆နှင့် ၇၄/၇ ကြား တောအတွင်းမှာ ရက်စက်စွာ အသတ်ခံထားရသည့် ရုပ်အလောင်း‌ (၅) ဦးတွေ့ရှိရပြီးဒီဇင်ဘာလ…
Read More
NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည်…
Read More
မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

RNA_ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့ အဝင်အထွက် (၆) နေရာကို စစ်ဆေးရေးဂိတ်များပြုလုပ်ကာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာထားသည်။ မြောင်မြို့ အဝင်/အထွက် ဖြစ်သည့် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြင်္သေ့မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု အသီးသီး ဂိတ်များစီစဥ်ချမှတ်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအားအသုံးပြု၍ မန္တလေးမှ မုံရွာသို သယ်ယူပို့ဆောင်နေသောစစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသင်္ဘော နှင့် BOC သင်္ဘောတို့ကို “နှလုံးလှဂိတ်”…
Read More
ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

RNA_နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော် (ခ) ကိုဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းမိရာတွင် လက်နက်များပါဝင်သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ရတနာနှင်းဆီအိမ်ယာ တိုက်အမှတ် 3/B ၊ အခန်းအမှတ်( B- 0907) ၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့် ကွန်ပျူတာ…
Read More
ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

RNA_နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်အတွင်းရှိ ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့ (၁၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ဖွဲ့စည်းနိုင်မှုအပေါ် စည်းလုံးညီညွတ်မှုအတွက် အထူးဂုဏ်ယူကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် အခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (၉) ဖွဲ့၊ ဒေသအခြေပြု (၁) ဖွဲ့၊ မျိူနွယ်စု အခြေပြု (၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့က Chinland Joint Defense…
Read More
ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

RNA_နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်း ပါသည်ဟုဆိုကာ ယနေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက သတင်းထုတ်ပြန်ထားသည်။ ” လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖေဖေါ်ဝါရီလ (၄) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် SC/14430 နှင့် မတ်လ (၁၀) ရက်နေ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အမှတ် S/PRST/ 2021/5 တို့အား ပြန်လည်ရည်ညွှန်းကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းဖော်ပြပြီး စစ်တပ်ကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းထားပါသည်။…
Read More