NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သမျှ ထုတ်ကုန်များ မသုံးစွဲရေး တားမြစ်ထားပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *