Author: RNA Editor

  • NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

    NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

    RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သမျှ ထုတ်ကုန်များ မသုံးစွဲရေး တားမြစ်ထားပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

    မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

    RNA_ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့ အဝင်အထွက် (၆) နေရာကို စစ်ဆေးရေးဂိတ်များပြုလုပ်ကာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာထားသည်။

    မြောင်မြို့ အဝင်/အထွက် ဖြစ်သည့် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြင်္သေ့မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု အသီးသီး ဂိတ်များစီစဥ်ချမှတ်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအားအသုံးပြု၍ မန္တလေးမှ မုံရွာသို သယ်ယူပို့ဆောင်နေသောစစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသင်္ဘော နှင့် BOC သင်္ဘောတို့ကို “နှလုံးလှဂိတ်” မှထိန်းသိမ်းလိုက်ပြီး ဖြစ်ကြောင်း၊ အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီနှင့်ဆက်နွယ်ပက်သက်နေသော ထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင် အဖြစ် ထိန်းသိမ်းသွားမည်ဟု ကြေညာထားသည်။

    Red News Agency

  • ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

    ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

    RNA_နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော် (ခ) ကိုဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းမိရာတွင် လက်နက်များပါဝင်သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

    ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ရတနာနှင်းဆီအိမ်ယာ တိုက်အမှတ် 3/B ၊ အခန်းအမှတ်( B- 0907) ၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့် ကွန်ပျူတာ ၂ လုံး၊ ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရခဲ့မိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဖမ်းဆီးခံလိုက်ရသည့် ကိုဖြိုးဇေယျာသော်ကို ဖမ်းမိချိန်တွင် ညှင်းပန်းနှိပ်စက်ထားကြောင်း၊ NUG ၏ စေခိုက်ချက်အရ ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်နေသူဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားသည်။

    Red News Agency

  • ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

    ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

    RNA_နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။

    ချင်းပြည်နယ်အတွင်းရှိ ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့ (၁၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ဖွဲ့စည်းနိုင်မှုအပေါ် စည်းလုံးညီညွတ်မှုအတွက် အထူးဂုဏ်ယူကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

    ချင်းပြည်နယ်အတွင်းရှိ မြို့နယ် အခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (၉) ဖွဲ့၊ ဒေသအခြေပြု (၁) ဖွဲ့၊ မျိူနွယ်စု အခြေပြု (၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့က Chinland Joint Defense Committee (CJDC) ကို ဖွဲ့စည်ခဲ့ခြင်း ဖြစ်သည်။

    ” ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းစစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး၊စစ်ရေးဆိုင်ရာကိစ္စရပ်များကို အချိတ် အဆက်ရှိရှိ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် စုစည်းထားခြင်းဖြစ်သည့် အတွက် အထူးဂုဏ်ယူပါသည်” ဟု CJDC အဖွဲ့ကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    CJDC တွင် ပါဝင်သည့် အဖွဲ့အစည်းများမှာ CDF- Tonzang, ZFU/PDF-Zoland, CNO/CNDF, CDF-Hakha, CDF-Thantlang, CDF-Matupi, CDF-Mintat, CDF- Kanpetlet, CDF-Paletwa, CDF-KKG, CDF-Dai, CDF- Zotung, MPC/CDF-Mara, CDF-Lautu, CDF-Zophei, CDF-Hualngo နှင့် CNF တို့ဖြစ်သည်။

    တော်လှန်ရေးအစဉ်အလာကြီးမားသော ချင်းအမျိုးသားများအနေဖြင့် ဘုံရည်ရွယ်ချက်တူညီသော တိုင်းရင်းသားလူမျိုးစုံပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် အတူတကွလက်တွဲ၍ အကြမ်းဖက်စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ ကြိုးပမ်းတိုက်ပွဲဝင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

    Red News Agency

  • ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

    ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

    RNA_နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။

    မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်း ပါသည်ဟုဆိုကာ ယနေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက သတင်းထုတ်ပြန်ထားသည်။

    ” လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖေဖေါ်ဝါရီလ (၄) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် SC/14430 နှင့် မတ်လ (၁၀) ရက်နေ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အမှတ် S/PRST/ 2021/5 တို့အား ပြန်လည်ရည်ညွှန်းကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းဖော်ပြပြီး စစ်တပ်ကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းထားပါသည်။ မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်း ပါသည်” ဟု ယနေ့သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲရေးအတွက် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများ၊ ပါတီစုံ အထွေထွေ ရွေး ကောက်ပွဲများကျင်းပပြီး ဖက်ဒရယ်ပြည်ထောင်းစု တည်ဆောက်ရေး လုပ်ဆောင်နေချိန် စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ စစ်အာဏာရှင်ကို မလိုမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် ပြည်သူများ ဖမ်းဆီး ထောင်ချခံရခြင်း၊ ရိုက်နှက် သတ်ဖြတ်ခံရခြင်း၊ လမ်းမပေါ်တွင် ပစ်သတ်ခံရခြင်း များစွားကြောင့် ခုခံစစ်ဆင်နွှဲရန် ပြည်သူများ၏ ဆန္ဒအရ လုပ် ‌ေဆာင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှုများအတွက် များစွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း၊အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးတွင် ပါဝင်ကူညီပေးနိုင်သည့် အာဆီယံ၏ အပြု သဘောဆောင်သော အခန်းကဏ္ဍကိုလည်း အပြည့်အဝထောက်ခံအားပေးကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု ယနေ့ ကြေညာချက်မှာ ဖော်ပြထားသည်။

    Red_News_Agency

  • ယနေ့ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေ၊ KNDFက ရဲဘော် ၁ ဦးကျဆုံး

    ယနေ့ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေ၊ KNDFက ရဲဘော် ၁ ဦးကျဆုံး

    RNA_နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီ ( ကယား) ပြည် ဒီးမော့ဆိုမြို့နယ်၊ ထူးလွှီးဘီလာနှင့် ပဒုံငံကျေးရွာအနီး ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရရှိသွားသူများပြားကြောင်း၊ KNDF အဖွဲ့က ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

    ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် စစ်ကောက်စီတပ်သားများ ယနေ့တိုပ်ပွဲသည် ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ခြေတော်ရာဘုရား တောင်ဘက်မှ စစ်ကြောင်းထိုးလာပြီး တော်ကေါ်တွင် တပ်ဖြန့်ကာ လပ်နက်ကြီးများဖြင့် အဆက်အပျက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းကာ တိုက်ခိုက်နေကြကြောင်း၊ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကျေးရွာများစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

    Red News Agency

  • ဦးပိုင် နှင့် MEC လုပ်ငန်းတို့က စားသောက်ကုန်နှင့် ပစ္စည်းများကို သုံးစွဲပါက စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်

    ဦးပိုင် နှင့် MEC လုပ်ငန်းတို့က စားသောက်ကုန်နှင့် ပစ္စည်းများကို သုံးစွဲပါက စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်

    RNA_နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။

    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါလုပ်ရပ်များကို စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံ အားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့တွင် NUG စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ထုတ်ပြန်ထားသည်။

    စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေးအတွက် စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ MEHL နှင့် MEC တို့၏ ဆက်စပ်စီးပွားရေးလုပ်ငန်းများအား အကြမ်းဖက် စီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန် ကြေညာထားသည်။

    ” မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC)သည် နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး၊ မလျော်သြဇာဖြင့် စစ်တပ်၏ လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စိစစ်တွေ့ရှိ ရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတော်ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် စစ်တပ်၏ စီးပွားရေး လုပ်ငန်းများကို ပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်၊ ပြုလုပ်နေပါက စစ်အာဏာရှင် သက်ဆိုး ရှည်နေပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ယန္တရားနှင့် ဒေါက်တိုင်များကို ဖြိုချဖျက်ဆီးနိုင်မှသာ အများပြည်သူ လိုလားတောင်းတသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူခံရမည်

    စစ်ကောင်စီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူခံရမည်

    RNA_နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီ ဖက်ဆစ်စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ( နိုဝင်ဘာလ ၉ ရက်) အထိ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး၊ အဆောက်အဦနှင့် လူနေအိမ် ၅၂၀ ကို မီးရှို့ဖျက်ဆီးမှုများ စသည်တို့အတွက် တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း NUG က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။

    ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သတ်၍ ကျူးလွန်သည့်အကြမ်း ဖက် ဖက်ဆစ်စစ်တပ်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ပြည်သူလူထုဘက်မှ အကြမ်းဖက်စစ်တပ်၏ မတရားကျူးလွန်မှုများကို မှန်ကန်သည့် အချက်အလက်များပေးပို့ တိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    အာဏာသိမ်း စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ စစ်ကြောရေးများတွင် လူမဆန်စွာ စစ်ဆေးခြင်း နှင့် အသေရိုက်နှက် သတ်ဖြတ်နေခြင်း၊ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ဆင်ရေးများတွင် လူသားဒိုင်းများအသုံးပြုနေခြင်း၊ အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်း၊ လူနေအိမ်များ နှင့် ဘာသာရေးအဆောက်အဦများကို မီးလောင်တိုက်သွင်း ဖျက်ဆီးခြင်း၊ အဖိုးတန်လက်ဝတ်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ခိုးယူခြင်း နှင့် ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကြောင့် နွေဦးတော်လှန်ရေးကာလ နိုဝင်ဘာလ ၈ ရက်နေ့ AAPP ၏ ထုတ်ပြန်မှုအရ ကျဆုံးခဲ့သူ (၁၂၄၄) ဦးရှိပြီး ဖမ်းဆီးခံရသူ (၇၁၂၂) ဦးရှိကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် (၃၀၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် ၂၆ ဦးကို သေဒဏ်ချမှတ်ထားကြောင်း သိရသည်။

    ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှ အောက်တို ဘာလ (၃၁) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ ဖျက်ဆီးမှုကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုရှိ၊ ကျေးရွာပေါင်း (၅၆) ရွာ နှင့် မြို့တစ်မြို့တွင် အရပ်သားလူနေအိမ်၊ ရုံး နှင့် ဘာသာရေးအဆောက်အဦး (၅၂၀) ခု ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အပေါင်းအပါများ အနေဖြင့် လူသားမျိုးနွယ်အပေါ် ရည်ရွက်ချက်ရှိရှိ ကျူးလွန်နေသည့် ဖက်ဆစ်လုပ်ရပ်များကို ချက်ချင်း ရပ်တန်းကရပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • ယင်းမာပင်မြို့နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ သေ၊ ၄၀ ကျော် ဒဏ်ရာရ

    ယင်းမာပင်မြို့နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ သေ၊ ၄၀ ကျော် ဒဏ်ရာရ

    RNA_နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်မုဒ်ဦးနှင့် တည်ပင်ကန်လမ်းခွဲကြား ယနေ့ နံနက် ၈ နာရီဝန်းကျင်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မိုင်းကွင်း ၂ ကွင်း ဆွဲပြ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ သေပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)က ထုတ်ပြန်ထားသည်။

    ယနေ့တိုက်ပွဲကို ယင်းမာပင်မြို့နယ်၊ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ မဟာမိတ်တပ်များ ဖြစ်သည့် “21st Century Guerrilla Force” ၊ ဗျတ္တပြောက်ကျား တပ်ဖွဲ့၊ ဒေသခံPDFအဖွဲ့ တို့နှင့်အတူ မဟာမိတ်တပ်ဖွဲ့ (၄)ခု စုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • ပြည်သူတို့၏ အခွင့်အာဏာ ပြည်သူတို့ထံအပ်နှံရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြု

    ပြည်သူတို့၏ အခွင့်အာဏာ ပြည်သူတို့ထံအပ်နှံရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြု

    RNA_နိုဝင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအနေဖြင့် ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံ ပြန်လည်အပ်နှံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ အပြီးတိုင်လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုနှင့်အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ကျနောက်သည့် ရွေးကောက်ပွဲ (၁) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

    ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် NLD ပါတီကို ရွေးချယ်တင်မြှောက်ခဲ့သည့် သောင်းပြိုကမ်းပြို အနိုင်ရရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူတင်ကြောင်း၊ စစ်ခေါင်းဆောင် တစ်စုသည် ပြည်သူလူထု၏ ထောင်ခံဆန္ဒပြုမှုကို လျစ်လျူရှုကာ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခဲ့ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးက စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနှင့် ဆန့်ကျင်ကန့်ကွက်နေသည်ကို အထူးလေးစား အားထားကြောင်း NLD ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် ဆောင်ရွက်နေသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လက်နက်အားကိုဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ၊ အရပ်ဖက်အဖွဲ့အစည်းက ပြည်သူလေးစားခံရသူများကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီး ယနေ့အထိ ပြည်သူ ၁၃၀၀ ဝန်းကျင် အသတ်ခံရပြီး အများအပြားကို ဖမ်းဆီးထောင်ချထားသည်။

    Red News Agency