RNA Editor

153 Posts
NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည်…
Read More
မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

မြောင်မြို့အဝင်အထွက် ၆ နေရာ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့မှ ထိန်းချုပ်

RNA_ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့ အဝင်အထွက် (၆) နေရာကို စစ်ဆေးရေးဂိတ်များပြုလုပ်ကာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာထားသည်။ မြောင်မြို့ အဝင်/အထွက် ဖြစ်သည့် စစ်ကိုင်းဘက်မှလာသော မြောင်မြို့အဝင်ဂိတ်ကို “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြင်္သေ့မင်းဂိတ်” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်” ဟု အသီးသီး ဂိတ်များစီစဥ်ချမှတ်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအားအသုံးပြု၍ မန္တလေးမှ မုံရွာသို သယ်ယူပို့ဆောင်နေသောစစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသင်္ဘော နှင့် BOC သင်္ဘောတို့ကို “နှလုံးလှဂိတ်”…
Read More
ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

RNA_နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော် (ခ) ကိုဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းမိရာတွင် လက်နက်များပါဝင်သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ရတနာနှင်းဆီအိမ်ယာ တိုက်အမှတ် 3/B ၊ အခန်းအမှတ်( B- 0907) ၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့် ကွန်ပျူတာ…
Read More
ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့မျာ၏ စည်းလုံးညီညွတ်မှုအပေါ် NUG က လေးစားဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

RNA_နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်အတွင်းရှိ ဒေသအလိုက် ကာကွယ်ရေး တပ်ဖွဲ့ (၁၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ဖွဲ့စည်းနိုင်မှုအပေါ် စည်းလုံးညီညွတ်မှုအတွက် အထူးဂုဏ်ယူကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် အခြေပြု ကာကွယ်ရေးတပ်ဖွဲ့ (၉) ဖွဲ့၊ ဒေသအခြေပြု (၁) ဖွဲ့၊ မျိူနွယ်စု အခြေပြု (၆) ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့က Chinland Joint Defense…
Read More
ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်း

RNA_နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ မြန်မာပြည်သူများ၏ဆန္ဒနှင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို ဆောင်ရွက်ကြရန် တိုက်တွန်း ပါသည်ဟုဆိုကာ ယနေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက သတင်းထုတ်ပြန်ထားသည်။ ” လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖေဖေါ်ဝါရီလ (၄) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် SC/14430 နှင့် မတ်လ (၁၀) ရက်နေ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အမှတ် S/PRST/ 2021/5 တို့အား ပြန်လည်ရည်ညွှန်းကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းဖော်ပြပြီး စစ်တပ်ကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ထပ်လောင်းတိုက်တွန်းထားပါသည်။…
Read More
ယနေ့ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေ၊ KNDFက ရဲဘော် ၁ ဦးကျဆုံး

ယနေ့ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေ၊ KNDFက ရဲဘော် ၁ ဦးကျဆုံး

RNA_နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီ ( ကယား) ပြည် ဒီးမော့ဆိုမြို့နယ်၊ ထူးလွှီးဘီလာနှင့် ပဒုံငံကျေးရွာအနီး ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ဒဏ်ရာရရှိသွားသူများပြားကြောင်း၊ KNDF အဖွဲ့က ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် စစ်ကောက်စီတပ်သားများ ယနေ့တိုပ်ပွဲသည် ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ခြေတော်ရာဘုရား တောင်ဘက်မှ စစ်ကြောင်းထိုးလာပြီး တော်ကေါ်တွင် တပ်ဖြန့်ကာ လပ်နက်ကြီးများဖြင့် အဆက်အပျက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုးစစ်ဆင်လာသည့်…
Read More
ဦးပိုင် နှင့် MEC လုပ်ငန်းတို့က စားသောက်ကုန်နှင့် ပစ္စည်းများကို သုံးစွဲပါက စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်

ဦးပိုင် နှင့် MEC လုပ်ငန်းတို့က စားသောက်ကုန်နှင့် ပစ္စည်းများကို သုံးစွဲပါက စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်

RNA_နိုဝင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါလုပ်ရပ်များကို စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံ အားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့တွင် NUG စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ထုတ်ပြန်ထားသည်။ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေးအတွက် စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ MEHL နှင့် MEC တို့၏ ဆက်စပ်စီးပွားရေးလုပ်ငန်းများအား အကြမ်းဖက် စီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်…
Read More
စစ်ကောင်စီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူခံရမည်

စစ်ကောင်စီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ အရေးယူခံရမည်

RNA_နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီ ဖက်ဆစ်စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ( နိုဝင်ဘာလ ၉ ရက်) အထိ ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး၊ အဆောက်အဦနှင့် လူနေအိမ် ၅၂၀ ကို မီးရှို့ဖျက်ဆီးမှုများ စသည်တို့အတွက် တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း NUG က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများနှင့် ပတ်သတ်၍ ကျူးလွန်သည့်အကြမ်း ဖက် ဖက်ဆစ်စစ်တပ်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ‌ကြောင်း၊…
Read More
ယင်းမာပင်မြို့နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ သေ၊ ၄၀ ကျော် ဒဏ်ရာရ

ယင်းမာပင်မြို့နယ် ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၂၀ သေ၊ ၄၀ ကျော် ဒဏ်ရာရ

RNA_နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်မုဒ်ဦးနှင့် တည်ပင်ကန်လမ်းခွဲကြား ယနေ့ နံနက် ၈ နာရီဝန်းကျင်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို မိုင်းကွင်း ၂ ကွင်း ဆွဲပြ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ သေပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)က ထုတ်ပြန်ထားသည်။ ယနေ့တိုက်ပွဲကို ယင်းမာပင်မြို့နယ်၊ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ မဟာမိတ်တပ်များ ဖြစ်သည့် “21st Century Guerrilla Force” ၊ ဗျတ္တပြောက်ကျား တပ်ဖွဲ့၊ ဒေသခံPDFအဖွဲ့ တို့နှင့်အတူ မဟာမိတ်တပ်ဖွဲ့ (၄)ခု စုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။…
Read More
ပြည်သူတို့၏ အခွင့်အာဏာ ပြည်သူတို့ထံအပ်နှံရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြု

ပြည်သူတို့၏ အခွင့်အာဏာ ပြည်သူတို့ထံအပ်နှံရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်သွားမည်ဟု ကတိပြု

RNA_နိုဝင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအနေဖြင့် ပြည်သူတို့၏ အခွင့်အာဏာကို ပြည်သူတို့ထံ ပြန်လည်အပ်နှံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ အပြီးတိုင်လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုနှင့်အတူ တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ကျနောက်သည့် ရွေးကောက်ပွဲ (၁) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် NLD ပါတီကို ရွေးချယ်တင်မြှောက်ခဲ့သည့် သောင်းပြိုကမ်းပြို အနိုင်ရရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူတင်ကြောင်း၊ စစ်ခေါင်းဆောင် တစ်စုသည် ပြည်သူလူထု၏ ထောင်ခံဆန္ဒပြုမှုကို…
Read More