အင်တာဗျူး

တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

RNA-အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက တပတ်အတွင်း ခုခံစစ်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးထိခိုက်ဒဏ်ရာရရခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ အောင်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ခုခံတွန်းလှန်စစ် ၂၅ ကြိမ်ဖြစ်ပွားကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ် (၅၀) ရှိကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ (၃၀)ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တစ်ပတ်တာကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာပေါင်း(၄၀)ထံမှရယူကာ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Red News Agency
Read More
မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

RNA – အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ မန္တ‌လေးမြို့ မဟာ အောင်မြေမြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကညန ရုံးအနီး ယနေ့ နံနက် ၁၁ နာရီက ဗုံး ၂ လုံးဆင့် ပေါက်ကွဲမှုမှာ SAF – Special Attacking Force (Upper Burma) အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ပြည်သူ့ကို ပစ်သတ်မည့် ကျည်ဆံဖိုးများ စစ်ကောင်စီထံ ဆက်လက်စီးဆင်းမှုကို လုံးဝဖြတ်တောက်ရန် ရည်ရွယ်သော လှုပ်ရှားမှု တခုဖြစ်ကြောင်း၊ မလိုလားအပ်သော ထိခိုင်မှုမှ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ ဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် SAF အဖွဲ့၏ ထုတ်ပြန်ချက်မှာ…
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

RNA- အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ မုံရွာမြို့ လူထုသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းခဲ့သည့် စခန်းမှူး မြင့်ဆွေပါသည့်ဆိုင်ကယ်ယာဉ်တန်း ယနေ့ နံနက် ၈ နာရီကျော်က Kanbalu Underground Warriors (KBU-UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒလန် အရှင်းခံရသည့် ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ ကိစ္စကို ကန့်ဘလူမြို့နယ် ထနိးကုန်းရွာ နယ်မြေ စခန်းက မြင့်ဆွေအပါအဝင် ရဲအဖွဲ့ ဆိုင်ကယ်များဖြင့် လာရောက်စဉ် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တိတိကျကျ မပြောနိုင်သေးကြောင်း၊ ရီးဒွေးရွာရှိ ပျူစောထီး ဒလန် ပူတူးကို အောက်တိုဘာ ၂၆ ရက်နေ့ည ၉…
Read More
တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

RNA- အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်က နိုင်ငံရေးတွင်ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် ယနေ့ ( အောက်တိုဘာလ ၁၅ ရက်) နံနက်ပိုင်းက KNU က ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး – KNU သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးမျှော်မှန်းကာ NCA ( တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် – Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့ (၆) နှစ်ပြည့်နေ့တွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိ ဆိုးဝါးနေသည့် နိုင်ငံရေးအ‌ခြေအနေအား ကယ်တင်နိုင်ရန်အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူများအားလုံးကို…
Read More
စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီအလိုကျ တရားစီရင်နေသောတရားသူကြီးသည် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်

RNA ၊ အောက်တိုဘာ ၈ ရက်။ စစ်ကောင်စီအလိုကျ တရားစီရင်နေသော တရားသူကြီးသည် ပြစ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟု NUG တရား ရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ Red News Agency
Read More
မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

RNA – အောက်တိုဘာ ၃ ရက်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုမြို့သို့ လာမည်ကို လက်မခံကြောင်း ပူတာအို PDF က ယနေ့ ( အောက်တိုဘာ ၃ ရက်) နံ‌နံစောစော ၁ နာရီဝန်းကျင်က မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို လက်နက်ကြီး ပစ်ခတ် သတိပေးလိုက်ကြောင်း သိရသည်။ ” အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာမည်ဖြစ်သည့်အတွက် ပူတာအိုမှ လက်မခံကြောင်းနှင့် ရောရှိလာပါက ဒီထက်ကြမ်းသော သတိပေးပစ်ခတ်မှုများ ပြုလုပ်သွားမည်” ဟု PUTAO PDF က ယနေ့နံပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်…
Read More
NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

RNA- စက်တင်ဘာ ၂၅ ရက်။ အမျိုးသားညီညွတ်ရေး အစိုးရ- NUG က People Revolution Army (PRA)ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့‌ကြောင်း PRA က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်သားများပါလာသည့် ကားကြီး ၂စီးကို မိုင်းခွဲတိုက်ခိုက်

RNA – စက်တင်ဘာ ၂၃ ရက်။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးစား ကျေးရွာအကြား မန္တလေးမှ မုံရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး ၂ စီးကို ယနေ့ ( စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ချောင်းဦး PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများပါလာသည့် ယာဉ်ကြီး၂ စီးမှာ မိုင်းထိပြီး ဘယ်ဘက်အခြမ်းထိပြီး သေဆုံးသူ ၆ ဦးထက်မနည်း ရှိနိုင်ကြောင်း၊ ဒဏ်ရာရရှိသူများရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ #rednewsagency
Read More
စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

စက်တင်ဘာလ ၂၀ ရက်နေ့အထိ KNDO တပ်ရင်း ၁ နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

RNA- စက်တင်ဘာ ၂၀ ရက်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက် ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO တပ်ရင်း (၁) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၅ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိသည်ဟု ယနေ့တွင် ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။ ” သံလွင်မြစ်ကမ်းနားရှိ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO…
Read More
ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

ပစ်ခတ်မှုများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံး

RNA- စက်တင်ဘာ ၁၇ ရက်။ တိုင်ရင်းသားလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်‌နေ့က စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်သေဆုံးကြောင်း သိရသည်။ NUG အစိုးရ ပြည်ထဲရေးဌာန ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များအရ ချင်းပြည်နယ် ကျင်ဒွေးမြို့နယ်တွင် ၇ ယောက်၊ ကန်ပက်လက်နှင့်ဆော့မြို့အကြား ၇ ယောက်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ၆ ယောက်၊ မန္တလေးတွင် ၁ ယောက်၊ ကယားပြည်နယ် ဒီမော့ဆို မြို့နယ်တွင် ၄ ယောက် စစ်ကောင်စီဘက်က သေဆုံးခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် – ၁၂ နေရာ၊…
Read More