ကိုဖြိုးဇေယျာသော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီ ထုတ်ပြန်

RNA_နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော် (ခ) ကိုဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းမိရာတွင် လက်နက်များပါဝင်သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ရတနာနှင်းဆီအိမ်ယာ တိုက်အမှတ် 3/B ၊ အခန်းအမှတ်( B- 0907) ၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့် ကွန်ပျူတာ ၂ လုံး၊ ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရခဲ့မိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံလိုက်ရသည့် ကိုဖြိုးဇေယျာသော်ကို ဖမ်းမိချိန်တွင် ညှင်းပန်းနှိပ်စက်ထားကြောင်း၊ NUG ၏ စေခိုက်ချက်အရ ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်နေသူဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *