Editor

1541 Posts
ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) ထံမှ သိရသည်။ ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀…
Read More
သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

"သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။ ဒါက အာဏာရှင်တွေကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါနေတာပါ။ ဒါကြောင့် အာဏာကလည်း ရူးချင်၊ နိုင်ငံတော်ပုန်ကန်သူလို့ သတ်မှတ်မှာစိုးရိမ်တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်မှာပဲ ဖမ်းဆီးခံထားရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဆီမှ လွှဲပေးရန်တောင်းဆိုပေမယ့် သမ္မတကြီး ဦးဝင်းမြင့်က လက်မခံခဲ့ဘူး" ဧရာဝတီလင်းပိုင် - Wiper စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။   "PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင်…
Read More
ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။   တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   ရှမ်းမြောက်၊ လားရှိုးမြို့၊ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၄ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာထားသည်။   "၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်"…
Read More
မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

RNA_ဇူလိုင်(၂၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် ဇူလိုင် (၁၇) ရက်နေ့ကတည်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ပြည်သူများကို အသိပေးထားသည်။   "ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်" ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။   ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (more…)
Read More
ပုသိမ်- မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံး

ပုသိမ်- မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံး

RNA_ဇူလိုင် (၁၈)၊၂၀၂၄ ခုနှစ်။  မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က တိုင်တားကျေးရွာမှ ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဉ်အား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၂၁ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံးခဲ့သည်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ကားရှေ့ခန်းမှ လိုက်ပါလာသော သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ဗိုက်၊ပေါင်၊ လက်မောင်း ၃ နေရာထိမှန်ပြီး မင်းတုန်းဆေးရုံမှာ မနိုင်သည့်အတွက် သရက်ဆေးရုံသို့ အခြား…
Read More