လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။
 
ယင်းမာပင်ခရိုင်အခြေစိုက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် လူငယ်သူရဲကောင်းတပ် – Young Rangers Force (YRF) အနေဖြင့် ယခု စပါးစိုက်ရာသီတွင် ရိက္ခာအနေဖြင့် တင်း (၂၀၀) ဝန်းကျင်ရရှိကြောင်း သိရသည်။
 
ဒေသခံ လယ်သမားများက လယ်ကွက်များတွင် ပေးစိုက်သည့်အတွက် YRF တပ်ဖွဲ့ဝင်များက စိုက်ပျိုးခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ခဲ့သည်။

““ဒေသပြည်သူတွေရဲ့အမြင်က တော်လှန်ရေးအပေါ်ရိုးသားသလို တော်လှန်ရေး အောင်မယ်လို့ လုံးဝယုံကြည်ထားကြပါတယ်။ ပြည်သူတွေက သူတို့ရှေ့မှာ PDF ရှိတယ်လို့ ခံစားကြပါတယ် ” ဟု လူငယ်သူရဲကောင်းတပ် – Young Rangers Force (YRF) မှ ရဲဘော် ဖီးနစ်ကပြောသည်။
 
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဋ္ဌောဒေသတစ်ဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုတွင် ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လူငယ်သူရဲကောင်းတပ်(YRF) သည်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း YRF ကထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor