ABSDF

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။ KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး…
Read More
ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ " လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်" ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။ (more…)
Read More
မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။   မင်းအောင်လှိုင်မိသားစုလုံခြုံရေးနှင့်ကိုယ်ရံတော်လုပ်ခဲ့သူ တပ်ရင်းမှူးအဆင့်နှင့်ရှေ့တန်းထွက်ရစဉ် ယမန်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် တောထဲတွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှညနေပိုင်းအထိ ၃ ကြိမ် ဖြစ်ပွားသည့် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ နှစ်ပွင့်ဗိုလ်နှင့်အခြားအဆင့်ပါ ၂၀ ဝန်းကျင်သေဆုံးပြီး၊ KIA ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟု Indaw Revolution-IR က ထုတ်ပြန်ထားသည်။ (more…)
Read More
PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_နိုဝင်ဘာ ၁၊ ၂၀၂၂ ခုနှစ် ။   ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။   ၂၀၂၂ ခုနှစ် မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ဒီနေ့(နိုဝင်ဘာလ ၁) NUG ၊ကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More