ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ အသုံးအဆောင်ပစ္စည် များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စခန်းအတွင်းရှိ အမျိုးသမီး (၃) ဦးနှင့် ကလေး (၂) ဦး ကို ပြန်လွှတ်ပေးခဲ့သည်ဟု Nothern ABSDF မှ ထုတ်ပြန်ထားသည်။

ကျောက်မောကျေးရွာရှိ ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် စစ်သားများသည် ဖြတ်သွားဖြတ်လာ ယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်း တောင်းယူခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ပြည်သူများမှ တိုင်ကြားခဲ့သောကြောင့် Nothern ABSDF ရဲဘော်များမှ သွားရောက်ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထသည်။

#RedNewsAgency

By Editor