RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေးတွင် ပြည်သူများအတွက် အသက်ပေးခဲ့သည့် အာဇာနည်သူရဲကောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့်မွေးနေ့တွင် PDF တပ်ဖွဲ့များကို အလှူငွေများနှင့် အစားအသောက်များ လှူဒါန်းခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ PDF တပ်ဖွဲ့များ၊ အညာဒေသရှိ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအပါအဝင် တော်လှန်ရေးလြပ်နေသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တချို့ကို ကိုဂျင်မီ၏ မိသားစုနှင့် ချစ်ခင်လေးစားရသည့် ရဲဘော်များက အလှူငွေနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြသည်။


#RedNewsAgency