၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
 
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျိုက်မရောထောင်တွင်းတရားရုံးမှ ယနေ့ ထောင်ဒဏ် (၁၅) နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။
 
၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ တောင်သူ လယ်သမားရေးရာဌာနမှ မနုနုအောင်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက်အောင်နှင့် မခက်ခက်အောင်၏ သားဖြစ်သူ ကိုမြတ်သူတို့ကို ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံခဲ့ခြင်း ဖြစ်သည်။

 
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံများသည် ၈၈မျိုးဆက်( ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေသည့်အတွက် မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ ရှောင်တိမ်းနေစဉ်အတွင်း ၂၀၂၂ ခုနှစ် ဧပြိလ ၂၆ ရက်နေ့က ကရင် ပြည်နယ် ဘားအံမြို့သို့ ဆေးကုသမှု သွားရောက်စဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
 
#RedNewsAgency
By Editor