စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။

ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။

” ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၂ နာရီ နီးပါး ဖြစ်ခဲ့ပြီး စကစ ဘက်မှ ဒုရင်းမှူး အဆင့်ရှိ ကျော်သူစိုး အပါအဝင် အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်၊ သေဆုံးသွားသည့် ကျော်သူစိုး ကို BGF ၁၀၀၄ စခန်း (စစ်ဝန်တောင်စခန်း) သို့ ထားခဲ့ပြီး ထို BGF တပ်ဖွဲ့ဝင်များကို လက်နက်မပါလူသားဒိုင်းအဖြင့် အသုံးပြုစေခိုင်းမည်ဟု သတင်းရရှိပါသည်၊ တိုက်ပွဲအတွင်း မိမိတို့တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက် ဒဏ်ရာအနည်းငယ်သာရရှိသွားခဲ့ပါသည်” ဟု Karenni Army Center က ယနေ့ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။
ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။

ကရင်နီတပ်မတော် (Karenni Army-KA) သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇၁) သင်တန်းဆင်းပွဲပြုလုပ်ထားပြီး၊ ကရင်နီပြည်အတွင်း KNDF၊ PDF ၊ KGZ စသည့် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်နေသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်နယ်အတွင်း မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *