မြောက်ဥက္ကလာပမြို့နယ်

စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

RNA- ဖေဖော်၀ါရီ ၂၁ ရက်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ Red News Agency
Read More
အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။ ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ Red News Agency
Read More
COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

ဇင်လင်းနိုင်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက််။ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အတွင်းရှိ (ဌ) စျေးနှင့် မြဥယျာဉ် စိုက်ပျိုးရေးခြံ မွန်ကွေ့ စျေးတို့မှ စျေးသည်များ၊ စျေးဝယ် ပြည်သူများကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက COVID-19 Community Centre North Okkalapa (CCCN) မှ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအား စက်မှုလုပ်ငန်းရှင်များပါဝင်သော စုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည့်အတွက် ဦးဖေလှိုင် ဥက္ကဌအဖြစ် ဖွဲ့စည်းထားသည့် ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲ့ရေး ကော်မတီအား ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ထိုးကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားချက်ဖြင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးသို့ စက်တင်ဘာလအတွင်းက ရောက်ရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်စဉ် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးဖေလှိုင်မသိရှိဘဲ လုပ်သည့်အတွက် တရားမဝင်ကြောင်း ပြောကြားမှုနှင့် အစည်းအဝေးကို ကန့်ကွက်ခဲ့သည့်အတွက်…
Read More
လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။ ”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ…
Read More