ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။
”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ ကျောက်တိုင်တွင် ယနေ့ ကျင်းပခဲ့ရာတွင် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး၊ သဝဏ်လွှာဖတ်ကြားခြင်း၊ တေးဂီတ ဖျော်ဖြေခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။Red News Agency