စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း (ဌ) ရပ်ကွက်ပြည်သူများ ဆန္ဒပြ

RNA- ဖေဖော်ဝါရီ ၂၁ ရက်။

အာဏာသိမ်း စစ်ကောင်စီမှခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း မြောက်ဥက္ကလာပမြိုကနယ် (ဌ) ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာ သိမ်းခဲ့ပြီး ရွေးကောက်ခံ အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့သလို ရွေးကောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ဖျက်သိမ်းကာ စစ်ကောင်စီက အသစ်ထပ်မံခန့်အပ်မှုများ ပြုလုပ်နေသည့်အထဲတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ၁၉ ရပ်ကွက်ရှိရာ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ခန့်အပ်ခဲ့ကြောင်း၊ အခြားရပ်ကွက်များတွင် ယခင်အုပ်ချုပ်ရေးမှူးများကို ထပ်မံခန့်အပ်ခဲ့ကြောင်း သိရသည်။

(ဌ) ရပ်ကွက်နေပြည်သူများသည် စစ်ကောင်စီက ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း၊ (ဌ) ရပ်ကွက်ပြည်သူများက ရွေးကောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကွန့်ကွက်မှုပြုလုပ်ခဲ့ကြောင်း ရပ်ကွက်််နေပြည်သူများက ပြောသည်။

Red News Agency

By Editor