05                                    
                                    
                                        Oct 
                                    
                                
                            
                        
                        
                    
                        ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအား စက်မှုလုပ်ငန်းရှင်များပါဝင်သော စုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည့်အတွက် ဦးဖေလှိုင် ဥက္ကဌအဖြစ် ဖွဲ့စည်းထားသည့် ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲ့ရေး ကော်မတီအား ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ထိုးကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားချက်ဖြင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးသို့ စက်တင်ဘာလအတွင်းက ရောက်ရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်စဉ် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးဖေလှိုင်မသိရှိဘဲ လုပ်သည့်အတွက် တရားမဝင်ကြောင်း ပြောကြားမှုနှင့် အစည်းအဝေးကို ကန့်ကွက်ခဲ့သည့်အတွက်…                    
                                            
                                    
