၃၁နှစ်

လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။ ”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ…
Read More