ရန်ကုန်

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။ အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ Red News Agency
Read More
အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၆ ရက်၊၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းယားကန် ဘောင်တွင် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသားလူငယ် ၁ ဦးကျဆုံးသွားကြောင်း သိရသည်။ ကျဆုံးသွားသည့်ကျောင်းသားလူငယ်မှာ Yangon International Schools Students' Union (YISUU) ကအလုပ် အမှုဆောင် ရဲဘော်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် လူငယ်လေးဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲစဥ် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီး ပစ်ခတ်သဖြင့် ဆန္ဒပြလူငယ် ၁ ဦးကို ကျည်မှန်ပြီး ကျဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ Red…
Read More
စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။ Red News Agency
Read More
ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည်…
Read More
Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် Silence Strike အသံတိက်သပိတ်နှင့် အသံထွက်သပိတ် ပြုလုပ်မည့်ဖေဖော်ဝါရီ၁ ရက်နေ့တွင် ဆိုင်ပိတ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ဗီနှိုင်း​ဖြင့် ချိတ်ဆွဲ ကြေညာကာ ခြိမ်းခြောက်ထားသည်။ CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှတစ်ဆင့် Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် )များ ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ပြုလုပ်ထားကြောင်း ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော…
Read More
“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

"မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ"ဟုဆိုကာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ဓာတ်ပုံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ RNA_ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီ "မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ" “ငါတို့အားလုံးသည် ကိုဂျင်မီ ငါတို့အားလုံးသည် ဇေယျာသော်" ဟု ဆိုကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ပြည်သူလူထုအားလုံးဟာ ကိုဂျင်မီလိုစိတ်ဓာတ် ကိုဇယျာသော်လိုစိတ်ဓာတ် မျိုးကိုကိုင်စွဲပြီးရဲရဲဝံ့ဝံ့နဲ့ မတရားတဲ့အမိန့်ဟူသမျှကိုဖီဆန် ဆန့်ကျင်ပြီးစစ်အာဏာရှင်အမြစ်ပျက်ဖို့အရေးကိုဦးတည်၍ လူထုအားလုံးညီညာစွာ စစ်အာဏာရှင်ရဲ့လက်အောက်ခံထောက်တိုင်များကိုဖြိုဖျက်ဖို့အတွက် မတရားတဲ့အမိန်ဟူသမျှဖီဆန်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်" ဟု သပိတ်တွင် ပါဝင်သူတဦးက ပြည်သူများကို ပြောကြားခဲ့သည်။ ဓာတ်ပုံ : ပေးပို့ CJ Red News…
Read More
သွေးသစ္စာသီချင်းသီဆိုဟစ်ကြွေးကာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ပြုလုပ်

သွေးသစ္စာသီချင်းသီဆိုဟစ်ကြွေးကာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ပြုလုပ်

RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်ကျဆုံးပြီး တော်လှန်ရေးအင်အားစု ပြည်သုများလုံး ပြန်ဆုံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သွေးသစ္စာသီချင်း သီဆိုဟစ်ကြွေးကာ ကာ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် " ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့တနေရာ၌ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှဦးဆောင်ကာ လူငယ်များသမဂ္ဂ Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊LGBT Community Yangon၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တကသများနှင့် ပြည်သူတချို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။   Red News Agency
Read More
အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ယနေ့ နံနက် ၁၂ နာရီမထိုးမီက အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး အစီအမံများနှင့် အင်းစိန်ထောင်တွင်း လှုပ်ခတ်မှု ဖြစ်နေကြောင်း သိရသည်။ " အခုထောင်ထဲကို လုံခြုံရေးအဝင်အထွက် ရှုပ်နေတာ တွေ့တယ်၊ ရဲအချုပ်ကားကို သံလိုက်နဲ့ကပ်ပြီး ထည့်ပေးလိုက်တာလဲ ကြားတယ်၊ ရဲမေတွေက စတွေ့တာလို့ပြောနေကြ၊ သေချာကတာ အဝေးထိန်းဗုံးတွေ့လို့ ရှုပ်ယှက်ခက်နေကြတာ၊ " ဟု အင်းစိန်ထောင်အနီး ရောက်ရှိနေသည့် ပြည်သူတဦးက ပြောသည်။ (more…)
Read More
လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။ " ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ" ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။ (more…)
Read More