Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် Silence Strike အသံတိက်သပိတ်နှင့် အသံထွက်သပိတ် ပြုလုပ်မည့်ဖေဖော်ဝါရီ၁ ရက်နေ့တွင် ဆိုင်ပိတ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော
ကော်မတီက ဗီနှိုင်း​ဖြင့် ချိတ်ဆွဲ ကြေညာကာ ခြိမ်းခြောက်ထားသည်။

CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှတစ်ဆင့် Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် )များ ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ပြုလုပ်ထားကြောင်း ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ချိတ်ဆွဲထားသော အပြာရောင်ဗီနှိုင်းတွင် ရေးထားသည်။

Silence Strike တွင် ပါဝင်လျှင် အသံတိတ်သပိတ် ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားချက်ကို ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ၎င်း၏ ဗီနှိုင်းတွင် ဖေဖာ်ပြထားသည်။

လုပ်ငန်းလိုင်စင်၊ အစားအသောက်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ အိမ်ဆိုင်ခွင့်ပြုချက်စသည့် ခွင့်ပြုချက်တစ်ခုခုကို ရယူထားသော ကိုယ်ပိုင်ဈေး၊ စားသောက်ဆိုင်၊ အိမ်ဆိုင် ပွဲရုံ၊ဈေးဆိုင်စသည်များ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် Silence Strike တွင် မပါဝင်ဖို့၊ ပါဝင်မည်ဆိုလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဗီနှိုင်းတွင် ဖော်ပြထားသည်။

အခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုနည်းအတိုင်း ခြိမ်းခြောက်မှု များလုပ်ဆောင်နေပြီ ရပ်ကွက်မြို့နယ် များအတွင်းလည်း ခြိမ်းခြောက်မှု ပြုလုပ်နေသည်။

Red News Agency

By Editor