အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်း ယနေ့ CDM ပြုလုပ်

RNA ရန်ကုန်၊ မတ် ၆ ရက်။

အာဏာသိမ်းမှုနှင့် ပြည်သူများကို သေဆုံးမှုများနှင့်ပတ်သက်ပြီး မခံစားနိုင်တော့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူးရဲအုပ်ဝင်းသန်းထွန်းသည် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်းမှစတင်ကာ CDM ( Civil Diosobedience Movement) ပြုလုပ်လိုက်ပြီဟု Red News Agency ကို ပြောသည်။

” အွန်လိုင်းမှာကြည့်နေ မြင်နေရတာက ဒါတွေ တွေ့နေရတယ် သေသွားပြန်ပြီ ကလေးလေး၊ တစ်ယောက် မှန်သွားပြန်ပြီ၊ မြောက်ဥက္ကလာလို ဖြစ်စဉ်မျိုးဆို တော်တော်ခံစားရတယ်၊ ကျွန်တော်ထင်တယ် တပ်ဖွဲ့မှာလဲ ပြိုကွဲမှုက တော်တော်များပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတော့ တပ်ဖွဲ့တွေ တော်တော်ခံစားရတယ်။ ဖြစ်လာခဲ့တဲ့ ကာလတစ်လျှောက်မှာ မြောက်ဥက္ကလာ ဖြစ်စဉ်က တော်တော်ဆိုးတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲ တပ်ဖွဲ့ဝင်တော်တော်များ၏ ရင်ထဲမှာ မခံစားနိုင် ကျတော့ဘူး “ ဟု အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ခွဲ အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ရဲအုပ်ဝင်းသန်းထွန်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်အများအပြားသည် ပြည်သူနှင့်တူ ပူးပေါင်းကာ CDM ပြုလုပ်လာသူ များပြားနေသည်။

Red News Agency

By Editor