ဋ ရပ်ကွက် သပြေခြံတွင် လူမိုက်များစုစည်းရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူကို ဓားနှင့်ထိုး

RNA။ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်။

မြောက်ဥက္ကလာပမြို့နယ် ( ဋ ) ရပ်ကွက် သပြေခြံတွင် အာဏာသိမ်းအစိုးရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးက ဦးဆောင်ပြီး လူမိုက်များဖြင့် ဓားဖြင့်ထိုးခြင်း၊ ရပ်ကွက်စိန်ခေါ်ခြင်းများ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

စစ်အစိုးရ ဖွဲ့စည်းပေးလိုက်သည့် (ဋ ) ရပ်ကွက် ရပ်ကွက်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ တစ်ဦးကဦးဆောင်ပြီး လူမိုက်များဖြင့် ဓားကိုင်ရမ်းကားကာ ပြုလုပ်ခဲ့မှုတွင် ရပ်ကွက်အတွင်းမှ ပြည်သူတစ်ဦး ဓားထိုးခံခဲ့ရကြောင်း၊ လူမိုက်များအဖွဲ့မှလဲ ရပ်ကွက်မှ ဝိုင်းဖမ်းရာ တစ်ဦးမိထားကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့တွင်းတွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို တပ်မတော်ထောက်ခံသူများက ဓားဖြင့်ထိုးမှု၊ ဝိုင်းဝန်းရိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

Red News Agency

By Editor