Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

    Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

    RNA_ဧပြီ(၁၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် CDF-KKG မှ Major Operation အဖြစ် ပြုလုပ်သည့် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ABSDF အမှတ် (၃) စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    CDF-KKG Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်)ရွာရှိ စစ်ကောင်စီ ခြေကုတ်ယူထားသည့် စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁ ရက်နေ့က ကလေးနယ်မြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာဖြစ်သည့် ကြံသာရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၄) ဦးဖမ်းဆီးရမိ

    စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၄) ဦးဖမ်းဆီးရမိ

    RNA_ဧပြီ(၁၅)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စေတုတ္တရာနှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် (၁၈) တွင်ရှိသော စစ်ကောင်စီ၏ (၁၈) မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၄) ဦးနှင့်အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၁ တပ်ရင်းမှ ဒုတပ်ခွဲမှူး အောင်မြတ်မင်းနှင့် တပ်စိတ်မှူး စည်သူဇော်တို့ ကျဆုံး

    ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၁ တပ်ရင်းမှ ဒုတပ်ခွဲမှူး အောင်မြတ်မင်းနှင့် တပ်စိတ်မှူး စည်သူဇော်တို့ ကျဆုံး

    RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း စစ်ဌာန ၅၁၀၁ တပ်ရင်းမှ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး ရဲဘော်ဂဂ (ခ) အောင်မြတ်မင်းနှင့် တပ်ခွဲ ၂ တပ်စု ၁ တပ်စိတ် ၁ တပ်စိတ်မှူး ရဲဘော်ဆိတ်ကြီး (ခ) စည်သူဇော်တို့သည် ရှေ့တန်းတာဝန်များထမ်းဆောင်ရင်း ဧပြီလ (၁၀) ရက်နေ့က တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း သိရသည်။

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

    RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အတွက် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

    ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

    “တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်” ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။

    (more…)

  • ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

    ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။
     
    ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။
     
    “ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ” ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့ရပြီး ရဲဘော် (၃) ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရဲဘော် (၃၀) ခန့်ရှိသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Red News Agency ကို ပြောသည်။

    [embedyt] https://www.youtube.com/watch?v=ucYWDDvOGuQ[/embedyt]

    (more…)

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သော 96 Soldiers PDF ရဲဘော်များ

    ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

    (more…)

  • မြင်းခြံမြို့အဝင်ဂိတ်နှင့် စစ်ကူလာသောယာဉ် တိုက်ခိုက်ခံရပြီး (၁၄) ဦးသေဆုံး

    မြင်းခြံမြို့အဝင်ဂိတ်နှင့် စစ်ကူလာသောယာဉ် တိုက်ခိုက်ခံရပြီး (၁၄) ဦးသေဆုံး

    RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းသို့ အရှေ့တောင်ဘက်မှဝင်ရသော နေရာတွင် စစ်ကောင်စီတပ် ဂိတ်ချပြီး အရောက်သောက်နေစဉ် ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး စစ်ကူလာသောယာဉ်ပါ ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရသည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၄) ဦးသေဆုံးသည်ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပြထားသည်။

    (more…)

  • အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။

    အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုများ (၈) လကျော်ကြာတိုက်ခိုက် ဝန်းရံပိုက်ဆို့ထားသည့်အတွက် အင်းတော်မြို့ကို နောက်ဆုံးအချိန်ထိ ဂျပန်လှိုဏ်ဂူတွင် တပ်စွဲကာ ခုခံနေရသော် စစ်ကောင်စီအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ညပိုင်းက ဆုတ်ခွါထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးအင်အားစုများက မြို့ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    NUG၊ MOD၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု MOD ကထုတ်ပြန်ထားသည်။

    (more…)