တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
 
ဒုက္ခသုက္ခတွေကြား ဘဝကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေသော ရဲဘော်ရဲမေများကို အလေးအနက် ဂါရဝပြုကြောင်း ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် -AA (၁၄) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။
 
၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ ကချင်ပြည်၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နယ်မြေ အတွင်း ရက္ခိုင့်တပ်တော် (AA)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA)၏ (၁၄) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း (၁၄) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အတွက် သဝဏ်လွှာများ ပေးပို့ကြကြောင်း သိရသည်။

“တော်လှန်ရီးကာလမှာ တော်လှန်ရီးလောကဓံက ရင်ဆိုင်ဖြတ်ကျော်နိုင်ရဖို့၊ သွေဖီကေကျွန်ဖြစ်ဖို့၊သတ္တိဟိရေ လက်တွိဆန်ရေမျိုးချစ်တိအတွက် အေနာကြင်မှုဒဏ်ရာအမာရွက်တိစွာ ခွန်အားနန့်ဆုတံဆိပ်တိပင်ဖြစ်တေ။ ဒေသတော်လှန်ရီးကာလ ဖြတ်သန်းထိုးဖောက်မှုတိုက်ပွဲတိမှာ တိုင်းပြည်နန့်လူမျိုးအတွက် ဘဝ၊ ခန္ဓာ အသက်တိကို ပီးဆပ်လားကတ်တေ ရဲဘော် ရဲဘက်တိကို လီးနက်စွာ အလေးဂါရဝပြည်ပါရေ” ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
ရက္ခိုင့်တပ်မတော် – AA သည် (၁၄) နှစ်အတွင်း အောင်ပွဲရ တိုက်ပွဲများစွာရှိနေပြီး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံမှုနှင့်အတူ ရခိုင်ပြည်သူများ၏ ထောက်ခံမှုများကိုလည်းရရှိထားကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကိုပါ အကောင်အထည်ဖော်နေကြောင်း သိရသည်။
 
#RedNewsAgency
By Editor