မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

RNA_ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၂။

စစ်ကော်စီလက်အောက်ခံ မြန်မာ့မီးရထားသည် မော်လမြိုင်ဘူတာမှ ပြေးဆွဲရန် စီစဉ်ထားသည့် လေအိတ်အမြန်ရထားကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဟု အကြောင်းပြကာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း ‌သိရသည်။

“ယနေ့ ( 13.12.2022) နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထားသည် အကြောင်းအမျိုးမျိုးကြောင့် မော်လမြိုင် ဘူတာမှထွက်ခွာနိုင်ခြင်း မရှိတော့ပါ၍ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများ ပြန်လည်အမ်းပေးနေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဟု မော်လမြိုင်ဘူတာကြီး Page က ကြေညာထားသည်။

#RedNewsAgency

By Editor