Tag: ပြည်သူ့စစ်

  • ဖက်ဆစ်တော်လှန်ရေးနေ့ တိုက်ခိုက်မှု ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

    ဖက်ဆစ်တော်လှန်ရေးနေ့ တိုက်ခိုက်မှု ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်အမှတ် လက်ဆောင်အဖြစ် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့အား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်ဆောင်နှင့် ဒုခေါင်းဆောင်တို့သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

    ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ယနေ့ နံနက် (၂) ခန့်က ဝင်ရောက်တိုက်ခိုက်ကြသည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    (more…)

  • ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

    ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    (more…)

  • မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ” ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်” ဟု “နှလုံးလှ”လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း

    #RedNewsAgency

  • စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

    စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် ‌မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။

    ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ မရှိ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    ငဖဲမြို့နယ်၊ နောင်၊ လိုင်၊ စွန်တက်၊ ဂုတ်ကြီး၊ ပဘွေး၊ ဘုံဘော၊ ခွန်ဆူ၊ လင်းတဲ၊ ဆင်ယင်း၊ ကြက်ဥစသည့် ကျေးရွာများတွင် အိမ်ထောင်စုစာရင်းတွေတောင်းပြီး တရွာလျှင် လူဦးရေ ၂၀ ပြည့်သူစစ်ဝင်ရန် ယခုလကုန် ပေးပို့ရမည်ဟု စစ်ကောင်စီတပ်တွေ လာရောက်ပြောဆိုသွားကြောင်း သိရသည်။ (more…)