ပြည်သူ့စစ်

မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ " ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်" ဟု "နှလုံးလှ"လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။ ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ : "နှလုံးလှ"လူမှုကူညီရေးအသင်း #RedNewsAgency
Read More
စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် ‌မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။ ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ…
Read More