ကရင်နီပြည်

တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

RNA_ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် ( ကယား) တွင် စစ်ဘေးရှောင်ပြည်သူများကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ မြေပြင်နှင့်တောထဲတွင် နေမရသည့်အတွက် လိုဏ်ခေါင်းများတွင် နေထိုင်ကြရကြောင်း ဒေသခံထံမှသိရသည်။   " စစ်ရှောင်တွေဟာစစ်ရှောင်စခန်းမှာမနေရဲတော့ဘဲ လေယာဉ်နဲ့​ဗုံးလာထပ်ကြဲမှာ စိုးရိမ်ရလို့နေ့ခင်းဘက်တောင် အပြင်မှာ မနေရဲဘဲ အရမ်းအေးတဲ့ဂူတွေထဲမှာ ရွေ့ပြောင်းနေကြရပါတယ်။ ဒီလိုသာ ရက်ကြာရှည်နေနေရရင် အထူးသဖြင့် အမျိုးသမီးတွေ (ကိုယ်ဝန်ဆောင် နို့တိုက်မိခင်အပါအဝင်) သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေဟာ အကြီးအကျယ် ဒုက္ခရောက်ဖွယ်ရာ ရှိနေပါတယ်" ဟု ကိုရဲနောင်က ပြောပြထားသည်။   ရာသီဥတုက အေးနေသည့်အခါ လိုဏ်ခေါင်းများအတွင်း…
Read More
စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

RNA_ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအနီး တိုက်ပွဲကို စစ်ကောင်စီတပ် ယနေ့ ညနေပိုင်းက လေကြောင်းက ပစ်ခတ်သည့်အတွက် ပရဟိတ လူငယ် (၃) ဦး ကျဆုံးသွားရကြောင်း သိရသည်။ " ည (၁၇း၃၀)နာရီတွင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့်ပရဟိတလူငယ်(၃)ဦး ကျဆုံးခဲ့ရပါသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်း တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ပါသည်" ဟု KNDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ်…
Read More
ယနေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်က ရဲဘော်တဦး ကျဆုံးပြီး၊ စစ်ကောင်စီတပ်က ၈ ဦးသေ

ယနေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်က ရဲဘော်တဦး ကျဆုံးပြီး၊ စစ်ကောင်စီတပ်က ၈ ဦးသေ

RNA_ဇန်နဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၈) ဦးသေပြီး၊ ကရင်နီတပ်မတော်က သူရဲကောင်း ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။ " ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့်…
Read More
လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ " ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်" ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း…
Read More
DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀)…
Read More
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီးပြည် (ကယား) ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF) ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် PDF ၊ KGZ၊ KNDF နှင့် အခြား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် (၉) နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ကြီး ပစ်ကူယူသလို ဂျက်ဖိုက်တာ တိုပ်လေယာဉ် ၂…
Read More
အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် မီးရှို့သတ်ခံရသူ (၃၅) ဦး ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အရှင်လတ်လတ် မီးရှို့သတ်ခံရသည့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ပြည်သူ (၃၅) ဦး၏ ကျန်ရစ်သည့် အလောင်းများကို ဒေသခံပြည်သူများနှင့် ကရင်နီပြည်သူ့ကာကွယ်ရေတပ် ရဲဘော်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။ မိုဆိုကျေးရွာအနီး စစ်ဘေးရှောင်ရန် ထွက်ခွါလာသည့် ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၁၀၈) တပ်ဖွဲ့အပါအဝင် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၄ ရက်နေ့က ကြိုးတုပ် ကားများပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်အတွက် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေး…
Read More
နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁)…
Read More
DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။ Red News Agency
Read More