နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁) ဦး ကျဆုံးခဲ့ရကြောင်း၊ မြို့နယ်အားဖြင့် ဒီးမော့ဆို ( ၉၈) ဦး၊ လွိုင်ကော် (၂၄) ဦး၊ မိုးဗြဲ (၈) ဦး၊ ဖယ်ခုံ (၁၅) ဦး၊ ဘောလခဲ (၂) ဦး၊ ဖရူဆို (၄၀) ဦးတို့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကျဆုံးခဲ့ရသူ (၁၃၇၇) ဦးရှိကြောင်း AAPP က ကောက်ယူရရှိထားသည့်စာရင်းကို ထုတ်ပြန်ထားပြီး ယခုစာရင်းထက် ပိုများနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *