Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် ဒေါ်ထုမေ မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိသလောက်ဖြစ်နေ

    ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် ဒေါ်ထုမေ မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိသလောက်ဖြစ်နေ

    ဇင်လင်းနိုင်
    ရန်ကုန်၊ နိုဝင်ဘာ ၉ ရက်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်း သားလူမျိုး ရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ထုမေသည် မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် ဦးဆောင်ကာ အနိုင်ရရှိသလောက်ဖြစ် နေကြောင်း သိရသည်။

    ယနေ့ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန် ရရှိထားသော မဲရလဒ် များအရ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေ(တစ်သီး ပုဂ္ဂလ) – ၁၈၀၉၉ မဲ၊ ဦးတင်ထူးအောင် (တစ်သီးပုဂ္ဂလ)- ၅၃၆၆မဲ ၊ ဦးဦးမြင့်ကျော် (ANP) – ၈၃၇၈မဲ၊ ဒေါ်ခင်မျိုး ဦး (NLD) – ၉၀၂၃မဲ၊ ဒေါက်တာစံလှကျော် (တစ်သီးပုဂ္ဂလ) – ၁၃၄၉ မဲရရှိထားကြောင်း သိရသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ တ ရားဝင်အတည်ပြု ထုတ်ပြန်ထားသော မဲရလဒ်များ မသိရှိ သေးသော်လည်း လက်ရှိမဲရလဒ်များအရ ဒေါ်ထုမေ သည် ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနေရာအတွက် အသာစီးရကာ အနုိင်ရရှိနေသည့် အခြေအနေဖြစ်နေလေသည်။

    ဒေါ်ထုမေသည် ရခိုင်အမျိုးသားပါတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိတွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တဦးဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင်တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • ကိုကိုးကျွန်းတွင် အစဥ်အလာမပျက် NLD ရှုံးနိမ့်

    ကိုကိုးကျွန်းတွင် အစဥ်အလာမပျက် NLD ရှုံးနိမ့်

    ဇင်လင်းနိုင်။ ရန်ကုန်၊နိုဝင်ဘာ ၈။

    ရန်ကုန်တိုင်းဒေသကြီး ၊ကိုကိုကျွန်းမြို့နယ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ပါတီ (NLD) မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ပြီး USDP ကအနိုင်ရရှိသွားကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း NLDက မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ရပြီး USDP ကအနိုင်ရရှိခဲ့သည့်အတွက် NLD အနေဖြင့် ကိုကိုးကျွန်းတွင် ရွေးကောက်ပွဲ ရှုံးနိမ့် မှုမှာ အစဥ်အလာ မပျက်ဖြစ်နေလေသည်။

    Red News Agency

  • ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

    ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

    “ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။

    အောင်ဆန်းစုကြည် (နိုဝင်ဘာ (၃)၊ ၂၀၂၀)

    ရွေးကောက်ပွဲကြီးဖြစ်ဖို့ နီးပြီလေ။ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပို၍၊ ပို၍ သိလာကြပြီထင်ပါတယ်။ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့ဟာ အဓိကလိုအပ်ချက်ပါ။ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ဆင်ထားတဲ့ထောင်ချောက်ထဲကို မဝင်မိကြပါစေနဲ့။

    ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ “ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။ကျွန်မတို့ ဘယ်လိုအောင်နိုင်မှု ရယူကြမလဲ။ တကယ်တော့ သိပ်ပြီး မခက်ပါဘူး။ (၈)ရက်နေ့ ရွေးကောက်ပွဲကြီးကျင်းပမယ့်နေ့မှာ ကျွန်မတို့တွေ အချင်းချင်းပို့သနေတဲ့မေတ္တာတွေကို အာရုံပြုပြီး စိတ်ကြည်လင်စွာနဲ့ အိပ်ယာထကြပါ။ တည်ငြိမ်အေးချမ်းစွာနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး မဲရုံကိုသွား မဲပေးကြပါ။

    (more…)

  • ၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

    ၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ်

    ကျော်ကိုကို

    ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကတော့ တဖြေးဖြေးနီးကပ်လာပါပြီ။တကမ္ဘာလုံးမှာ ခရိုနာကပ်ရောဂါပိုးကျရောက်နေတဲ့အတွက် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစတဲ့ အရေးပေါင်းစုံမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ဒီအချိန်ဒီကာလမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အတော်အားနည်းနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ကျနော်တို့နိုင်ငံမှာလည်း တကျော့ပြန် ကိုဗစ်ဒုတိယလှိုင်းကြောင့် အတည်ပြုလူနာအရေအတွက်နဲ့ သေဆုံးလူနာအရေအတွက် ဒီရေတက်သလို အရှိန်နဲ့ထိုးတက်လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

    တိုးလာတဲ့လူနာအရေအတွက်ဟာ ဘာကိုပြနေသလဲဆိုရင် ကိုဗစ်ရောဂါပိုးဟာ ထိန်းချုပ်ရခက်ခဲတဲ့ အဆင့်အထိ အလျှင်အမြန်ပြန့်နှံ့နေခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ပေးဘဲ သတ်မှတ်ထားတဲ့ နိုဝင်ဘာမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မြို့နယ်အတော်များများမှာ မဲဆွယ်စည်းရုံးမှုမလုပ်ဖို့ ပါတီအတော်များများကို ညွှန်ကြားထားပေမယ့် အာဏာရပါတီနဲ့ အတိုက်အခံ ကြံ့ဖွံ့ပါတီတို့ရဲ့ အင်အားပြလှည့်လည်ပွဲတွေကတဆင့် ရိုက်နှက်မှုတွေ၊ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေရှိနေ တယ်ဆိုတာကိုလည်း သတိထားမိပါတယ်။ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုသံတွေ၊ရွှေ့ဆိုင်းပေးဖို့ အရေးဆိုတာတွေကိုလည်း ကြားနေရပါတယ်။ဒီအသံတွေနဲ့ မရှေးမနှောင်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့နေအိမ်အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိရတယ်လို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ဒီအချိန်မှာ နိုင်ငံရေးအခြေအနေတွေက အတော်လေး ရှုပ်ထွေးပြီး မျက်စိလည်စရာကောင်းနေတဲ့ အခြေအနေဖြစ်နေပါပြီ။ဒီအခြေအနေတွေကို ကြည့်တဲ့အခါ ကိုဗစ်နိုင်တီးပြဿနာ၊နိုင်ငံရေးပြဿနာ၊စစ်ရေးပြဿနာ၊စီးပွားရေးပြဿနာစသဖြင့် အမျိုးမျိုးအစားစား ကွဲပြားခြားနားတဲ့ ပြဿနာစုံ ရောထွေးဆက်စပ်နေတာ ကိုတွေ့ရပါတယ်။

    လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ်။ဒီလိုဖြေရှင်းတဲ့နေရာမှာလည်း ကိုယ့်ပါတီ ကိုယ့်အစိုးရရဲ့ သဘောထားကိုပဲ အဓိကဦးစားပေးပြီး အခြားနိုင်ငံရေးပါတီတွေ၊ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ သဘောထားအမြင်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဖြေရှင်းနေတာကို တွေ့ရပါတယ်။

    (more…)

  • ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

    ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

    ” ပြည်သူ့အချုပ်အခြာအာဏာပိုင်အစိုးရလက်ထက်မှာ အာဏာရဲ့မူလပိုင်ရှင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ အခရာကျပါတယ်။အစိုးရလို့ခေါ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တနည်းအားဖြင့်ပြောရရင် ကိုယ်စားပြုသူတွေ မရှိမဖြစ်လိုအပ်နေတာမဟုတ်ပါဘူး။ပြည်သူတွေက ကိုယ့်စီးပွားကိုယ်ရှာဖို့အတွက် အချိန်ပေးရလို့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲရအောင် အစိုးရကို တာဝန်ပေးခန့်အပ်ထားတာလို့ ယူဆကြပါတယ်။ဒါကြောင့် ပြည်သူမကြိုက်တဲ့ အစိုးရကို ပြည်သူက ဆန္ဒပြပိုင်ခွင့်လည်းရှိ၊ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်”

    ကျော်ကိုကို

    နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲစာရင်းသွားစစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့လို မဲစာရင်းလာစစ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ခုလို ပြောခဲ့ပါတယ်။

    “ရွေးကောက်ပွဲမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။မဲပေးတာ နိုင်ငံသားတွေရဲ့ တာဝန်ပဲ။အခွင့်အရေးလည်းဖြစ်တယ်။…..မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူးနော်။မဲပေးတဲ့တာဝန်တောင်မှ မယူဘဲနဲ့….” ဒီစကားတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပြီး Myanmar Now သတင်းထောက်က ရိုက်ကူးတင်ပြထားတဲ့ ဗွီဒီယိုသတင်းမှတ်တမ်းကို ကိုးကားပြီး ပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေဟာ စကားလုံးရေအရ အလုံး ၆၀ ကျော်၊ အခွန်းရေအရ ၄၊၅ခွန်းပဲဆိုပေမယ့် အနက်အဓိပ္ပာယ်အရ အတော်ကျယ်ဝန်းပါတယ်။ပြောဟန်ဆိုဟန် ကတော့ မဲမပေးရေးလှုပ်ရှားသူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောနေတာဖြစ်ပေမယ့် ပြည်သူတရပ်လုံးကို ခြုံပြီး သတင်းစကားပါးလိုခြင်းဖြစ်ဟန်တူတယ်။စိတ်ဆိုးမာန်ဆိုး‌ပြောနေတာမဟုတ် သော်လည်း အနည်းငယ် စိတ်ကသိကအောက်ဖြစ် နေတဲ့ဟန်နဲ့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

    အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားနောက်မှာ ဘယ်တရားတွေ ကပ်ပါလာသလဲဆိုတာ ကျနော်တို့ ငဲ့စောင်းစိစစ် ဖွေလှစ်ပြီးကြည့်ဖို့ မဖြစ်မနေလိုအပ်နေပါပြီ။ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့သူတွေထဲက တယောက်ဖြစ်တဲ့အပြင် လက်ရှိအာဏာရပါတီနဲ့အစိုးရကို ကိုယ်စားပြုထားတဲ့သူ တယောက်က ပြောလိုက်တဲ့စကားကို မဆန်းစစ်ပဲ ပေါ့ပေါ့တန်တန် လက်ခံလိုက်ရင် နိုင်ငံသားတယောက်ရဲ့ တာဝန် ဘယ်လိုလုပ်ကျေပွန်မှာလဲ။

    ကျနော် သဘောပေါက်တဲ့ နိုင်ငံသားတာဝန်ဆိုတာ ပြည်သူလူထုတဦးချင်းစီတိုင်း နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို တက်တက်ကြွကြွ အသုံးပြုရတဲ့ တာဝန်ပါပဲ။ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကို ကျနော်တို့ တက်တက်ကြွကြွပဲ ဆန်းစစ်ဝေဖန်ကြည့်ကြပါစို့ခင်ဗျာ။

    (more…)

  • NLD သည် တပ်ဦးပါတီမဟုတ်

    NLD သည် တပ်ဦးပါတီမဟုတ်

    ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ်

    ကျော်ကိုကို

    ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။

    ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။

    တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး ကောက်ချက်ချ၊ဆုံးဖြတ်ချက်ချလို့ရတဲ့ သဘောထားပါ။အခုက စစ်အာဏာရှင်စနစ်ကြီးအောက်မှာပဲ ရှိနေပါသေးတယ်။အစိုးရ၊လွှတ်တော်၊တရားရုံးအပြင် လက်နက်ကိုင်တပ်အားလုံးနဲ့အကျဉ်းထောင်တွေအကုန် စစ်တပ်ရဲ့ ဗြောင်ကျကျစွက်ဖက်လွှမ်းမိုးမှုနဲ့ မကင်းဘူး။စစ်အုပ်စုပိုင် စီးပွားရေးအချက်အချာတွေက ကြီးကြီးမားမားရှိလို့ ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေမှုဘဝအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲပဲ။တရားဥပဒေနဲ့အညီသာဆိုရင် ဘယ်တိုင်းပြည်မှာမှ စစ်တပ်က နိုင်ငံရေးလုပ်ခွင့်မရှိသလို စီးပွားရေးလုပ်ခွင့်လည်းမရှိဘူး။ဒီမှာတော့ စစ်တပ်က နေရာတကာပါဝင်စွက်ဖက်နေတာဖြစ်တယ်။ဒီစနစ်ကိုမကြိုက်ဘူး။မကြိုက်တဲ့အတွက်ဆန့်ကျင်တယ်။ဖျက်သိမ်းဖို့ အမြဲမပြတ်ကြိုးစားနေတယ်။ရတဲ့နေရာက ရတဲ့အခွင့်အရေးကိုယူပြီး လှုပ်ရှားမှာဖြစ်တယ်။ဒီစနစ်ကို မကူညီ မပံ့ပိုးနိုင်လို့ မဲမပေးဘဲနေတာဖြစ်တယ်။ဒါကိုမှ မသိသားဆိုးဝါးတဲ့သူက စနစ်မကြိုက်ရင် ဘေးထိုင်မပြောနဲ့ ဝင်မဲပေးလို့ ပြောလာတယ်။ကျွန်စနစ်ကို မကြိုက်တဲ့သူကို ကိုယ်တိုင်ဝင်ကျွန်ခံကြည့်ပါလားလို့ ပြောတဲ့ ဦးနှောက်ကို ပြတိုက်ပို့ထားရမယ်။

    (more…)

  • ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

    ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

    လူဦးရေ ၅ သိန်းကျော်နေထိုင်တဲ့ ရွှေပေါက်ကံမှာ မဲနစ်နာသူ ၃ သောင်းကျော်ရှိနိုင်

    ဇင်လင်းနိုင်
    ရန်ကုန်၊ သြဂုတ် ၁၃ ရက်။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်မှာ မဲနစ်နာနိုင်တဲ့လူ ၃ သောင်းကျော် ရှိနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။ ရွေ့ပြောင်းလုပ်သားများပြားတဲ့ ရွှေပေါက်ကံရပ်ကွက်မှာ တရားဝင်စာရင်းအရ နေထိုင်သူ ၅ သိန်းကျော်ရှိပြီး၊ ဒီထက်မက လူဦးရေ ပိုများနိုင်ပါတယ်။

    ရွှေပေါက်ကံရပ်ကွက်မှာ ရပ်ကွက်ခွဲ ၁၁ ခုရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းများနဲ့ ပတ်သက်ပြီး အမှားပြင်ဆင်ချက်တွေ၊ မဲစာရင်းကောက်ခဲ့တဲ့ လုပ်ဆောင်မှု အခြေအနေ စတာတွေကို ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နဲ့ Red News Agency တို့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။[embedyt] https://www.youtube.com/watch?v=lP5a6kKHBQM[/embedyt]

    Red News Agency

  • မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

    မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

    စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်

    ကျော်ကိုကို

    အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန် လူ့အခွင့်အရေးတွေ၊ဒီမိုကရေစီတွေလုံးဝ ထည့်မတွေးတော့ဘဲ အာဏာရပါတီကြီးဘက်လိုက်ပြီး ဇွတ်အတင်းအဓမ္မ မဲဆွယ်နေတာကို တွေ့နေရပါတယ်။

    အမှန်တကယ်က နိုင်ငံသားတယောက်မှာ သူ့ကိုယ်ပိုင် ‌မွေးရာပါအခွင့်အရေးအရ ဘယ်နိုင်ငံရေးပါတီကိုမှလည်း မထောက်ခံဘဲ နေပိုင်ခွင့်ရှိတယ်၊ ထောက်ခံချင်တဲ့ပါတီကို ထောက်ခံပိုင်ခွင့်လည်းရှိတယ်။ မဲမပေးဘဲ နေပိုင်ခွင့်ရှိသလို ရွေးကောက်ပွဲကို ဆန့်ကျင်ချင်လည်း ဆန့်ကျင်လို့ရတယ်။အစိုးရကို အသိအမှတ်မပြုဘဲနေလို့ရသလို ကိုယ်မကြိုက်တဲ့အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခွင့်လည်းရှိတယ်။ဒါက လစ်ဘရယ်ဒီမိုကရေစီအရ လက်သင့်ခံထားတဲ့ နိုင်ငံရေးအယူအဆဆိုင်ရာ စံနှုန်း၊တန်ဖိုးတွေပါပဲ။သို့ပေမယ့် အခု အာဏာရပါတီထောက်ခံနေကြသူများလုပ်ပုံကတော့ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ လစ်ဘရယ်အခြေခံပေါ်မှာလည်း ရပ်တည်နေတာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်တွေ တလျောက်လုံးကျင့်သုံးလာသလို မလုပ်မနေရ၊မထည့်မနေရ၊မဖြစ်မနေ ထောက်ခံရမယ်ဆိုတဲ့ အတင်းအကြပ်လုပ်ဟန်ဘက်ကို ပိုယိမ်းနေတာ သင်းတို့ရဲ့ အတ္တနောမတိတွေကြည့်တာနဲ့တင် သိသာလွန်းအားကြီးနေပါတယ်။

    ဒီလိုဆိုတော့ ကျနော်တို့အနေနဲ့ မဲမပေးချင်ရင် မပေးဘဲနေပိုင်ခွင့်ဆိုတဲ့ဘက်နဲ့ အတင်းအကြပ် NLD ကို မဲပေးခိုင်းနေတဲ့ဘက်( No vote Vs Do Vote) ဒီနှစ်ဘက်စလုံးကို ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။အရင်ဆုံး NLD ပါတီဘက်က ဘာလို့မဲချည်းပေးခိုင်းနေတာလဲဆိုတာ အရင် ကြည့်ကြရအောင်။

    (more…)

  • အနုပညာနဲ့ပတ်သက်ရင် ဘယ်သူမှယှဉ်လို့မရတဲ့ ကျော်ဟိန်းလို့ ကျော်သူက ပြောထားပါတယ်။

    အနုပညာနဲ့ပတ်သက်ရင် ဘယ်သူမှယှဉ်လို့မရတဲ့ ကျော်ဟိန်းလို့ ကျော်သူက ပြောထားပါတယ်။

    အောင်ထက် ( မင်္ဂလာဒုံ)
    ရန်ကုန်၊ ဇူလှိုင် ၁၁ ရက်။

    ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်း(ခ) ဦးဇင်း ကိတ္တိသာရ ကို ၁၉၄၇၊ဇူလိုင်(၁၄) ရက်နေ့တွင် မွေးဖွားခဲ့ပြီး သက်တော် (၇၃) နှစ် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည့်အတွက် ဦးကျော်ဟိန်းနဲ့ပတ်သက်ပြီး ဦးကျော်သူကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒီမီ (ဦး) ကျော်သူက တချိန်က အနုပညာရှင် ရုပ်ရှင်မင်းသားကြီး (ဦး) ကျော်ဟိန်းနဲ့ ပတ်သက်ပြီး ပြောထားတာကတော့

    ဒီသတင်းတက်လာတဲ့အချိန်မှာ ပထမတော့
    မယုံဘူး။ မယုံတာနဲ့စုံစမ်းတယ်၊ ဟိုတလောက ကျွန်တော်တို့အသင်းကို ဦးဇော်လင်းနဲ့မစန္ဒာရဲ့သမီး သူသူဇော်လင်း ငွေလာလှူတယ်၊ သူတို့နဲ့အတူ ဦးကျော်ဟိန်းနဲ့မစန္ဒာတို့ရဲ့သမီး ဇာခြည်စိမ့်စိမ့်သူ ပါလာတယ်။

    သမီးရေ အဖေကြီးနေကောင်းလားလို့မေးလိုက်တော့ အခု သြစတြေးလျမှာပဲ အခြေအနေမကောင်းဘူး၊ အဖေကြီးက အဆုပ်မကောင်းလို့ လှဲအိပ်လို့မရဘူးတဲ့ ၊ Dream Bed နဲ့နေရတယ် ” လို့
    ပြောပြတယ်၊ ကျွန်တော်လည်း မေတ္တာပို့ပါတယ်။ အဲ့လိုမေတ္တာပို့ထားပြီး ဒီနေ့ကျတော့ ဆုံးပြီဆိုတော့ တော်တော်အံ့အားသင့်သွားတယ်။

    လူဆိုတာမွေးလာပြီးရင် ဆုံးမှာပါပဲ၊ ဘယ်သူမဆို ငယ်လည်းသေမှာပဲ ၊ အသက်ကြီးလည်းသေမှာပဲ ။
    ဒါပေမယ့် ” ဒွေး ” ဦးကျော်ဟိန်းရဲ့ တူ
    ဒွေးဆုံးတာ (၁၃)ပြည့်မှာ တစ်ရက်ထဲ အတူ
    တူ တူဝရီးနှစ်ယောက်စလုံး ရက်ကသွားတူတာ တိုက်ဆိုင်မှုဖြစ်တယ်၊ ပြီးတော့ ဦးကျော်ဟိန်း မွေးနေ့က ဒီလ(၁၄)ရက်နေ့ကျရင် အသက်
    (၇၃)နှစ် ပြည့်မယ့်နေ့ဆိုတော့ မွေးနေ့မတိုင်ခင်မှာ ဆုံးသွားတယ် ။ ဆုံးသွားတဲ့အတွက် ဘာခံစား ရသလဲဆိုတော့ လူဆိုတာကတော့ ဆုံးကြမှာချည်းပါပဲ။ အသက် ကြီးငယ်အရွယ်မှာလူ့လောက ကောင်းကျိုးကိုလုပ်သွားတဲ့ အတွက် ဆုံးရကျိုးနပ်တယ် ၊ အသေမြတ်တယ် လို့ဆိုချင်တယ်။

    ဦးကျော်ဟိန်းဆိုရင် ဘာပဲဖြစ်ဖြစ် အနုပညာနဲ့ပတ်သက်ရင် ဘယ်သူမှယှဉ်လို့မရပါဘူး။ ဦးကျော်ဟိန်းရဲ့အိုက်တင်နဲ့ပတ်သက်ပြီးတော့ ဦးကျော်ဟိန်းကိုသာအောင် ဘယ်သူမှ လုပ်လို့မရဘူး။ အနုပညာမှာလည်း တကယ့်ကိုအောင်မြင် ကျော်ကြားတယ်၊ နောက်တော့ သာသနာ့ဘောင်ကိုဝင်သွားတယ် ။ သာသနာ့ဘောင်ကိုဝင်မယ်ဆိုတာလည်း ဘယ်နေ့ဘယ်ရက်မှာ ဝင်မယ်ဆိုပြီးအတိအကျပြောခဲ့တာ။ သူပြောတဲ့အတိုင်းသူလုပ်သွားတယ်။

    သာသနာ့ဘောင်ရောက်တော့လည်း ဘုရား
    တရားကို တကယ့်အမိအရ ကျင့်ကြံအားထုတ်ခဲ့တယ် ဒီအတွက်ကြောင့် ကျွန်တော်ကတော့ ဦးကျော်ဟိန်းက အသေမြတ်တယ်လို့ပြောချင်တယ် ။

    အခုလို ဘဝကူးသွားတဲ့အချိန် တစ်ခုစိတ်မကောင်းတာက ဦးကျော်ဟိန်းဟာ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ သာသနာ့ဘောင်ကိုဝင်ပြီးတော့ ဒီမှာ နောက်ဆုံး ခေါင်းမချနိုင်တာကို စိတ်မကောင်းဘူး။ ထိုနည်းတူစွာပဲ သူတို့မိသားစုတွေလည်း ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့်ဆုံးတာတော့ဆုံးသွားပြီ ၊ ပျံလွန်တော်မူသွားပြီ၊ ဒီကို Body သယ်ဘာဖို့ဆိုတာ Covid ကာလမို့သိပ်မလွယ်ဘူး။ ဟိုမှာ သင်္ဂြိုဟ်
    မယ်ဆိုရင် ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ဦးကျော်ရဲ့ အရိုးပြာကို ဒီကိုသယ်ဆောင်လာပြီး
    ဒီနိုင်ငံမှာ ရေပဲမျှောမျှော ၊ ဧရာဝတီမြစ်ထဲပဲ
    မျှောမျှော ၊ ရေဝေးသုဿာန်မှာပဲ အမှတ်တရ
    အနေနဲ့ ထားထားပေါ့ ၊ ထားသင့်တယ်တယ်
    လို့ ကျွန်တော်မျှော်လင့်တယ်။

    နောက်တစ်ခု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ နှစ်(၁၀၀ )ပြည့်ပြီ၊ နှစ်တစ်ရာပြည့် ကာလမှာ ဒီလိုထူးခြားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာတယ်။ ဦးကျော်ဟိန်းဆိုတာ အဖြူအမဲ ခေတ် ကနေ Colourခေတ်အထိ တကယ့်ကို အစားထိုးလို့မရတဲ့ သရုပ်ဆောင် ဒါရိုက်တာကြီး ၊ သူ့ရဲ့ရုပ်ထု ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ထုထားဖို့တော့ လိုအပ်တယ်လို့တော့ ကျွန်တော်ထင်တယ် Covid ကာလပြီးသွားလို့ ကျင်းပမယ့် နှစ်(၁၀၀ ) ပြည့်အခမ်း အနားမှာ ဦးကျော်ဟိန်းရုပ်ထု ဖွင့်ပွဲနဲ့စဖို့ကောင်းတယ် လို့ ကျွန်တော်အကြံပေးချင်တယ် ။

    Red News Agency

  • တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ [embedyt] https://www.youtube.com/watch?v=sXCsO_pUYa0[/embedyt]

    Red News Agency