ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် ဒေါ်ထုမေ မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိသလောက်ဖြစ်နေ

ဇင်လင်းနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်း သားလူမျိုး ရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ထုမေသည် မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် ဦးဆောင်ကာ အနိုင်ရရှိသလောက်ဖြစ် နေကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန် ရရှိထားသော မဲရလဒ် များအရ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေ(တစ်သီး ပုဂ္ဂလ) – ၁၈၀၉၉ မဲ၊ ဦးတင်ထူးအောင် (တစ်သီးပုဂ္ဂလ)- ၅၃၆၆မဲ ၊ ဦးဦးမြင့်ကျော် (ANP) – ၈၃၇၈မဲ၊ ဒေါ်ခင်မျိုး ဦး (NLD) – ၉၀၂၃မဲ၊ ဒေါက်တာစံလှကျော် (တစ်သီးပုဂ္ဂလ) – ၁၃၄၉ မဲရရှိထားကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ တ ရားဝင်အတည်ပြု ထုတ်ပြန်ထားသော မဲရလဒ်များ မသိရှိ သေးသော်လည်း လက်ရှိမဲရလဒ်များအရ ဒေါ်ထုမေ သည် ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနေရာအတွက် အသာစီးရကာ အနုိင်ရရှိနေသည့် အခြေအနေဖြစ်နေလေသည်။

ဒေါ်ထုမေသည် ရခိုင်အမျိုးသားပါတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိတွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တဦးဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင်တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

Red News Agency

By RNA Editor