သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကို မဲ၅သောင်းကျော်ဖြင့် အပြတ်အသတ်ဖြင့် အနိုင်ရရှိ

ဇင်လင်းနိုင်
ရန်ကုန် ၊ နိုဝင်ဘာ ၉ရက်။

သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်
သည် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကို မဲ ၅ သောင်းကျော်ဖြင့်အသာစီးရကာ အပြတ်အသတ် ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD မှ ဒေါ်စုစုလွင်က မဲရလဒ် ၇၃၈၅၄ ရရှိခဲဲ့ပြီး USDP မှ ၂၁ဝ၀၄ မဲ၊ UBP မှ ၁၁၉၂ မဲ အသီးသီးရရှိခဲ့သည်။ အဆိုပါရလဒ်အရ NLD က USDP ကို မဲ ၅၂၈၅၀ ဖြင့် အသာစီးရခဲ့ခြင်း ဖြစ်သည်။

” ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို ပါတီ (၃) ခုမှ ကိုယ်စားလှယ်လောင်း (၃) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမဲ ရလဒ်များကို အောက်တိုဘာလ (၉) ရက်နေ့ ညနေပိုင်းမှာ ပုံစံ (၁၉) ရေးသွင်း ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ မဲရလဒ်များကို ဖော်ပြပါ ဇယားပုံစံတွင် လေ့လာနိုင်ဖို့ မျှဝေလိုက်ပါတယ်။နိုဝင် ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မဲဆ န္ဒရှင်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျမကို တခဲနက်ထောက်ခံမဲပေးခဲ့ကြတဲ့ သုံးခွမြို့နယ်က မဲဆန္ဒရှင်များကို အထူးကျေးဇူးတင်ရှိပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာ ဆန္ဒတွေနဲ့ ပြည့်စုံကာ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကိုဗစ်ဘေးအန္တရာယ်မှလည်း ကင်းဝေးကြပါစေ” ဟု ဒေါ်စုစုလွင် က လူမှုကွန်ယက် တွင် ေရးသားထားသည်။

Red News Agency

By RNA Editor