10                                    
                                    
                                        Nov 
                                    
                                
                            
                        
                        
                    
                        ဇင်လင်းနိုင် ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ကာ အနိုင်ရနေပြီဖြစ်ကြောင်း ကြေညာထားသည်။ NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂ ဦးထက် ကျော်လွန်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ၂၃၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁၂ ဦး၊ စုစုပေါင်း ၃၅၀ ဦး အနိုင်ရရှိနေပြီဖြစ်ကြောင်း NLD ပါတီ၏ လူမှုကွန်ရက် စာမျက်နှာ Chair NLD က ထုတ်ပြန်ထားသည်။ Red News Agency                    
                                            
                                    