ရွေးကောက်ပွဲဆိုင်ရာ

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် ဒေါ်ထုမေ မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိသလောက်ဖြစ်နေ

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် ဒေါ်ထုမေ မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် အနိုင်ရရှိသလောက်ဖြစ်နေ

ဇင်လင်းနိုင် ရန်ကုန်၊ နိုဝင်ဘာ ၉ ရက်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်း သားလူမျိုး ရေးရာဝန်ကြီးနေရာဝင် ပြိုင်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ထုမေသည် မဲရလဒ် ၁၈၀၀၀ ကျော်ဖြင့် ဦးဆောင်ကာ အနိုင်ရရှိသလောက်ဖြစ် နေကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန် ရရှိထားသော မဲရလဒ် များအရ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေ(တစ်သီး ပုဂ္ဂလ) – ၁၈၀၉၉ မဲ၊ ဦးတင်ထူးအောင် (တစ်သီးပုဂ္ဂလ)- ၅၃၆၆မဲ ၊ ဦးဦးမြင့်ကျော် (ANP) – ၈၃၇၈မဲ၊ ဒေါ်ခင်မျိုး ဦး (NLD)…
Read More
ကိုကိုးကျွန်းတွင် အစဥ်အလာမပျက် NLD ရှုံးနိမ့်

ကိုကိုးကျွန်းတွင် အစဥ်အလာမပျက် NLD ရှုံးနိမ့်

ဇင်လင်းနိုင်။ ရန်ကုန်၊နိုဝင်ဘာ ၈။ ရန်ကုန်တိုင်းဒေသကြီး ၊ကိုကိုကျွန်းမြို့နယ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ပါတီ (NLD) မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ပြီး USDP ကအနိုင်ရရှိသွားကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း NLDက မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့ရပြီး USDP ကအနိုင်ရရှိခဲ့သည့်အတွက် NLD အနေဖြင့် ကိုကိုးကျွန်းတွင် ရွေးကောက်ပွဲ ရှုံးနိမ့် မှုမှာ အစဥ်အလာ မပျက်ဖြစ်နေလေသည်။ Red News Agency
Read More
ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

“ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။ အောင်ဆန်းစုကြည် (နိုဝင်ဘာ (၃)၊ ၂၀၂၀) ရွေးကောက်ပွဲကြီးဖြစ်ဖို့ နီးပြီလေ။ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပို၍၊ ပို၍ သိလာကြပြီထင်ပါတယ်။ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့ဟာ အဓိကလိုအပ်ချက်ပါ။ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့…
Read More
၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

၂၀၂၀ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့် နိုင်ငံရေးဆင်ဆာဖြတ်တောက်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ အလုံးစုံကို ကိုင်တွယ်ဖြေရှင်းတဲ့ ချဉ်းကပ်နည်းကို မတွေ့ရသေးဘဲ တခုချင်းစီကို တကန့်ချင်းစီ လိုက်ဖြေရှင်းနေတဲ့ချဉ်းကပ်နည်းတွေကိုပဲ တွေ့မြင်နေရပါတယ် ကျော်ကိုကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကတော့ တဖြေးဖြေးနီးကပ်လာပါပြီ။တကမ္ဘာလုံးမှာ ခရိုနာကပ်ရောဂါပိုးကျရောက်နေတဲ့အတွက် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစတဲ့ အရေးပေါင်းစုံမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ဒီအချိန်ဒီကာလမှာ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အတော်အားနည်းနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ကျနော်တို့နိုင်ငံမှာလည်း တကျော့ပြန် ကိုဗစ်ဒုတိယလှိုင်းကြောင့် အတည်ပြုလူနာအရေအတွက်နဲ့ သေဆုံးလူနာအရေအတွက် ဒီရေတက်သလို အရှိန်နဲ့ထိုးတက်လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ တိုးလာတဲ့လူနာအရေအတွက်ဟာ ဘာကိုပြနေသလဲဆိုရင် ကိုဗစ်ရောဂါပိုးဟာ ထိန်းချုပ်ရခက်ခဲတဲ့ အဆင့်အထိ အလျှင်အမြန်ပြန့်နှံ့နေခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ နောက်မဆုတ်ပေးဘဲ သတ်မှတ်ထားတဲ့ နိုဝင်ဘာမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်လို့ တရားဝင် သတင်းစာရှင်းလင်းပွဲမှာ…
Read More
ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

” ပြည်သူ့အချုပ်အခြာအာဏာပိုင်အစိုးရလက်ထက်မှာ အာဏာရဲ့မူလပိုင်ရှင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ အခရာကျပါတယ်။အစိုးရလို့ခေါ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တနည်းအားဖြင့်ပြောရရင် ကိုယ်စားပြုသူတွေ မရှိမဖြစ်လိုအပ်နေတာမဟုတ်ပါဘူး။ပြည်သူတွေက ကိုယ့်စီးပွားကိုယ်ရှာဖို့အတွက် အချိန်ပေးရလို့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲရအောင် အစိုးရကို တာဝန်ပေးခန့်အပ်ထားတာလို့ ယူဆကြပါတယ်။ဒါကြောင့် ပြည်သူမကြိုက်တဲ့ အစိုးရကို ပြည်သူက ဆန္ဒပြပိုင်ခွင့်လည်းရှိ၊ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်” ကျော်ကိုကို နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲစာရင်းသွားစစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့လို မဲစာရင်းလာစစ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ခုလို ပြောခဲ့ပါတယ်။ “ရွေးကောက်ပွဲမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။မဲပေးတာ နိုင်ငံသားတွေရဲ့ တာဝန်ပဲ။အခွင့်အရေးလည်းဖြစ်တယ်။…..မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူးနော်။မဲပေးတဲ့တာဝန်တောင်မှ မယူဘဲနဲ့….” ဒီစကားတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပြီး Myanmar Now သတင်းထောက်က ရိုက်ကူးတင်ပြထားတဲ့ ဗွီဒီယိုသတင်းမှတ်တမ်းကို ကိုးကားပြီး ပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။…
Read More
NLD သည် တပ်ဦးပါတီမဟုတ်

NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ် ကျော်ကိုကို ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။ ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။ တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး…
Read More
ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

လူဦးရေ ၅ သိန်းကျော်နေထိုင်တဲ့ ရွှေပေါက်ကံမှာ မဲနစ်နာသူ ၃ သောင်းကျော်ရှိနိုင် ဇင်လင်းနိုင် ရန်ကုန်၊ သြဂုတ် ၁၃ ရက်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်မှာ မဲနစ်နာနိုင်တဲ့လူ ၃ သောင်းကျော် ရှိနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။ ရွေ့ပြောင်းလုပ်သားများပြားတဲ့ ရွှေပေါက်ကံရပ်ကွက်မှာ တရားဝင်စာရင်းအရ နေထိုင်သူ ၅ သိန်းကျော်ရှိပြီး၊ ဒီထက်မက လူဦးရေ ပိုများနိုင်ပါတယ်။ ရွှေပေါက်ကံရပ်ကွက်မှာ ရပ်ကွက်ခွဲ ၁၁ ခုရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းများနဲ့ ပတ်သက်ပြီး…
Read More
မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ် ကျော်ကိုကို အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန်…
Read More
တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ Red News Agency
Read More
ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။ ” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့…
Read More