10
Nov
ဇင်လင်းနိုင် နေပြည်တော် ၊ နိုဝင်ဘာလ ၁၀ ရက်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြုလိုက်သည်။ မကြာသေးမီရက်အတွင်းက UBP ၏ အဓိက ပြိုင်ဘက် ပါတီကြီး ၂ခု မှာ NLD နှင့် USDP ဟု သူရဦးရွေမန်းထုတ်ဖော်ပြောဆိုထားသည်။ ယခုအခါ NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်အပါအဝင် တပြည်လုံးတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိ ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို အထူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံရေးတွင် မှန်ကန်ထိရောက်စွာ ဦးဆောင်နိုင်ပါစေကြောင်း သူရဦးရွေမန်းက လူမှုကွန်ယက်တွင် ရေးသားထားသည်။ Red News Agency