Category: ရွေးကောက်ပွဲဆိုင်ရာ

  • NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို UBP ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြု

    NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို UBP ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြု

    ဇင်လင်းနိုင်
    နေပြည်တော် ၊ နိုဝင်ဘာလ ၁၀ ရက်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြုလိုက်သည်။

    မကြာသေးမီရက်အတွင်းက UBP ၏ အဓိက ပြိုင်ဘက် ပါတီကြီး ၂ခု မှာ NLD နှင့် USDP ဟု သူရဦးရွေမန်းထုတ်ဖော်ပြောဆိုထားသည်။

    ယခုအခါ NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်အပါအဝင် တပြည်လုံးတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိ ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို အထူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံရေးတွင် မှန်ကန်ထိရောက်စွာ ဦးဆောင်နိုင်ပါစေကြောင်း သူရဦးရွေမန်းက လူမှုကွန်ယက်တွင် ရေးသားထားသည်။

    Red News Agency

  • လူစုလူဝေးဖြင့်အောင်ပွဲခံမှုများ မပြုလုပ်ကြရန် NLD ပန်ကြား

    လူစုလူဝေးဖြင့်အောင်ပွဲခံမှုများ မပြုလုပ်ကြရန် NLD ပန်ကြား

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။

    အောင်ပွဲခံမှုများကို ယခုအချိန်တွင် ထိန်းသိမ်းကြရပါမည်ဖြစ်၍ ပြဿနာများရှောင်ရှားနိုင်ရေး တည်တည်ငြိမ်ငြိမ်ဖြင့် နေထိုင်ကြရန် မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ ပန်ကြားချက် ထုတ်ပြန်လိုက်သည်။

    ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲကြီးသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာမှလွဲ၍ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ၊ ဆန္ဒမဲလာပေးခဲ့ကြသော မဲဆန္ဒရှင် ပြည်သူများအားလုံးကို COVID-19 ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်စေပြီးမှ ဆန္ဒမဲပေးခြင်း၊ဆန္ဒမဲပေးပြီးသောအခါလည်း လက်သန့်ဆေးရည်ဖြင့် ဆေးကြောခိုင်းပြီးမှ လက်သန်းကို မှင်တို့စေခြင်း လုပ်ငန်းစဉ်များအရ ပြည်သူများကလည်း စနစ်တ ကျ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် အောင် မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ခဲ့သဖြင့် မဲဆန္ဒရှင် ပြည်သူအားလုံးကို အထူးတလည် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပန်ကြားချက် တွင် ဖော်ပြထားသည်။

    ပြည်သူသာလျှင် အဓိက ဆိုသည့်အတိုင်း ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူတို့၏ ဝီရိယရှိရှိ စည်းကမ်းရှိရှိ ဇွဲရှိရှိဖြင့် နိုဝင်ဘာလ (၈)ရက်နေ့ မဲရုံမဖွင့်မီကပင် တန်းစီ၍ ဆန္ဒမဲပေးရန် စောင့်နေခြင်း၊ ညနေ (၄) နာရီထိုးပြီး မဲမပေးရသေးသူများက တန်းစီစောင့်နေခြင်းတို့ကို မြင်တွေ့ ကြားသိခဲ့ရသဖြင့် ယခု ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကြီးသည် တန်ဖိုးရှိသော ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် ကမ္ဗည်းမှတ်တမ်းတင်ကျန် ရစ်ခဲ့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထိုတန်ဖိုးရှိသော သိက္ခာရှိသော ရွေးကောက်ပွဲကို ရွေး ကောက်ပွဲအလွန် ရောဂါကူးစက်မှု တိုးတက် လာခြင်း အပါအဝင် ပြဿနာများ မဖြစ်ပွားစေရန် ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါသဖြင့် လူစုလူဝေးဖြင့်အောင်ပွဲခံမှုများကို ယခုအချိန်တွင် ထိန်းသိမ်းကြရပါမည်ဖြစ်ပြီး ပြဿ နာများရှောင်ရှားနိုင်ရန် တည်တည်ငြိမ်ငြိမ်ဖြင့် နေထိုင်ကြရန် ပန်ကြားထားသည်။

    ထို့အပြင် ပြည်သူများနှင့်အတူ ရွေးကောက်ပွဲကို အောင် မြင်စွာ ကျင်းပ နိုင်အောင် ဆောင်ရွက်ပေးကြသော အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မဲရုံတာဝန် ထမ်းဆောင်သော ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ COVIE – 19 ရောဂါအတွက် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးကို စောင့် ရှောက်ပေးခဲ့ကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထူးရဲများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအားလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း NLDက မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency

  • NLD ပါတီ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရကြောင်း ကြေညာ

    NLD ပါတီ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရကြောင်း ကြေညာ

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။

    နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ကာ အနိုင်ရနေပြီဖြစ်ကြောင်း ကြေညာထားသည်။

    NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂ ဦးထက် ကျော်လွန်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ၂၃၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁၂ ဦး၊ စုစုပေါင်း ၃၅၀ ဦး အနိုင်ရရှိနေပြီဖြစ်ကြောင်း NLD ပါတီ၏ လူမှုကွန်ရက် စာမျက်နှာ Chair NLD က ထုတ်ပြန်ထားသည်။

    Red News Agency

  • အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်သူ့ပါတီထုတ်ပြန်

    အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်သူ့ပါတီထုတ်ပြန်

    ဇင်လင်းနိုင်။ ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်။

    အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့ပါတီက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

    ပါတီစုံ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ် သန့်ရှင်း မျှတသည့် ရွေး ကောက်ပွဲများ ဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲရလာဒ်ကို လေးစားအကောင်အထည်ဖေါ်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအောက်တွင် တက်ကြွစွာ မဲပေးဆန္ဒပြုခဲ့ကြသော မဲဆန္ဒရှင် ပြည်သူ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိသော ကိုယ် စားလှယ်များ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းမှတ်တမ်း တင်ကြောင်း ပြည်သူ့ ပါတီက ထုတ်ပြန်ထားသည်။

    ရွေးကောက်ပွဲကာလ ယှဉ်ပြိုင်မှုများရှိခဲ့ကြသော်လည်း ရွေးကောက်ပွဲအလွန် နိုင်ငံတော် ပြန်လည် စုစည်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူ့ပါတီအနေဖြင့် အသစ်ဖြစ်ပေါ် လာမည့် အစိုးရနှင့် လွှတ် တော်အတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ၊ အ ကြံပြုမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံ တော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေ ညာခဲ့သည်။

    Red News Agency

  • မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တွင် NLD မှ ဒေါ်သက်ထားစုကြည်အနိုင်ရ

    မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တွင် NLD မှ ဒေါ်သက်ထားစုကြည်အနိုင်ရ

    ဇင်လင်းနိုင်။ ရန်ကုန်၊ နိုဝင်ဘာလ ၉ ရက်။

    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သက်ထားစုကြည်ကဆန္ဒမဲအရေအတွက် (၂၂၅၆၃) ရရှိပြီး အနိုင်ရရှိခဲ့သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) တွင် ဆန္ဒမဲ ၂၂၅၆၃ ၊ USDP ကိုယ်စားလှယ်လောင်းက ၁၄၅၄ မဲ၊တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (ယခင် NLD ပါတီမှ) ဆန္ဒမဲ (၁၉၃၉) ရရှိပါခဲ့ကြောင်း သိရသည်။

    Red News Agency

  • စလင်းမြို့နယ် မဲဆန္ဒနယ် အားလုံး NLD အနိုင်ရ

    စလင်းမြို့နယ် မဲဆန္ဒနယ် အားလုံး NLD အနိုင်ရ

    ဒီလှိုင်း
    စလင်း၊ နိုဝင်ဘာ ၉ ရက်။

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (၁)၊ တိုင်းဒေသကြီး လွှတ်တော်(၂) တို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အားလုံးကို အနိုင်ရရှိကြောင်း သိရသည်။

    စလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် NLD – 112155 မဲ၊ USDP – 37741 မဲ။ အမျိုးသားလွှတ်တော်
    NLD – 123108 မဲ၊ USDP – 39958 မဲ၊ တိုင်းဒေသကြီး လွှတ်တော် (၁) NLD – 57844 မဲ၊ USDP – 18111 မဲ။ တိုင်းဒေသကြီး လွှတ်တော် (၂) NLD – 61641 မဲ ၊ USDP 17817 မဲ ရရှိကြောင်း သိရသည်။

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင် ကျေးရွာပေါင်း၄၁၀၊ မဲရုံပေါင်း၂၃၉၊ မဲထည့်သည့် လူဦးရေ၁သိန်း၇သောင်းကျော်ရှိကြောင်း၊ NLD ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    Red News Agency

  • ၂၀၂၀ ရွေးကောက်ပွဲ မကွေးတိုင်းဒေသကြီးတွင် NLD ပါတီကလွှတ်တော်နေရာအားလုံး အနိုင်ရ

    ၂၀၂၀ ရွေးကောက်ပွဲ မကွေးတိုင်းဒေသကြီးတွင် NLD ပါတီကလွှတ်တော်နေရာအားလုံး အနိုင်ရ

    ဒီလှိုင်း
    မကွေး၊ နိုဝင်ဘာ ၉ ရက်။

    နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အားလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    ” မကွေးတိုင်းတစ်တိုင်းလုံးNLDကနိုင်ပါတယ်၊ချင်းတိုင်းရင်းသားကတော့ အဖြေမထွက်သေးပါဘူး၊ချင်းတိုင်းရင်းသားကိုပြည်သူ‌ တွေပေးတဲ့ မဲတွေပေါင်းပြီး တိုင်းကော်မရှင်ကဆုံးဖြတ်မှာပါ၊မြို့နယ်ကော်မရှင်ကဆုံးဖြတ်တာကတော့၈၇ဦးရှိပါတယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်‌နေရာက ၅၀ဦးရှိတယ်၊ပြည်သူ့လွှတ်နေရာက၂၅ရှိတယ်၊အမျိုးသားလွှတ်တော်နေရာက၁၂ဦးရှိတယ်၊အားလုံး၈၇ဦးရှိတာပေါ့။ ၈၇ဦးကတော့ အဖြေထွက်သွားပါပြီ၊၂၅မြို့နယ်လုံးကတော့NLDကနိုင်ပါတယ်” ဟု မကွေးတိုင်းလွှတ်တော်ဥက္ကဌဦးတာကပြောသည်။

    ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးမြို့နယ် ၂၅ မြို့နယ်မှ အသက်၁၈နှစ်ပြည့်ပြီး၍မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း၃၃သိန်းကျော်ရှိကြောင်း၊ တိုင်းရင်းသားမဲဆန္ဒရှင်ပေါင်း၈၇၀၀၀ကျော်ရှိကြောင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။

    မကွေးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် အသက်၁၈ပြည့်ပြီး မဲပေးနိုင်မည့် မဲဆန္ဒရှင် (၃၃၀၆၅၄၄) ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင် (၈၇၆၄၁)ဦး၊ စုစုပေါင်းမဲရုံ(၄၅၄၈)ရုံ၊တိုင်းရင်းသားမဲရုံ(၇၄၅)ရုံ နှင့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်(၅၂၅၉၉၇)ဥဦးရှိကြောင်းမကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။

    Red News Agency

  • ရွေးကောက်ပွဲဆိုင်ရာ, သတင်း NLD အစိုး ရဖွဲ့နိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် ရရှိထားပြီ ဖြစ်ဟု တာဝန်ရှိသူပြော

    ရွေးကောက်ပွဲဆိုင်ရာ, သတင်း NLD အစိုး ရဖွဲ့နိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် ရရှိထားပြီ ဖြစ်ဟု တာဝန်ရှိသူပြော

    ဇင်လင်းနိုင်။ ရန်ကုန်၊ နိုဝင်ဘာ ၉။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NL) အစိုးရဖွဲ့နိုင်သည့် ကိုယ်စားလှယ်လောင်း အရေအတွက် ရရှိထားပြီ ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက် တာမျိုးညွှန့် ကပြောသည်။

    “အစိုးရဖွဲ့နိုင်မယ့်အနေအထား ရပြီလို့ တွက်ပါတယ်” ဟု ၎င်းကပြောသည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်အ တည်ပြု ထုတ်ပြန်ချက် မထွက်သေးသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးသူ ၃၃သန်းရှိနေပြီးမဲပေးမှု ရာခိုင်နှုန်း က ၈၅ရာခိုင်နှုန်းရှိနေသည့်အတွက်NLD က ၃၉၀ကျော် အနိုင်ရရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန် ကုန်တိုင်းတွင် (ပြည်သူလွှတ်တော်၄၄ + အမျိုးသားလွှတ်တော် ၁၂ ) ၅၆ ၊ ဧရာ၀တီတိုင်းတွင် (ပြည်သူလွှတ်တော် ၂၆ +အမျိုးသား လွှတ်တော်၁၂) ၃၈ ၊ပဲခူးတိုင်းတွင် (ပြည်သူလွှတ်တော် ၂၈ + အမျိုးသားလွှတ်တော် ၁၂) ၄၀ ၊မ​ကွေးတိုင်းတွင် (ပြည်သူ လွှတ်တော်၂၅+ အမျိုးသား လွှတ်တော် ၁၂) ၃၇ ၊တနသာ်ရီတိုင်းတွင် (ပြည်သူလွှတ်တော် ၁၀+အမျိုးသားလွှတ်တော်၁၂) ၂၂ ၊ မန္တလေးတိုင်းတွင် (ပြည်သူ လွှတ်တော်၂၇ + အမျိုးသား လွှတ်တော် ၁၂ )၃၉ ၊စစ်ကိုင်းတိုင်းတွင် (ပြည်သူ လွှတ်တော် ၃၇ +အမျိုးသား လွှတ်တော်၁၂ ) ၄၉ ၊ မွန်ပြည်နယ်တွင် ( ပြည်သူ လွှတ်တော်၉ + အမျိုးသား လွှတ်တော် ၁၀ ) ၁၉ စသည်ဖြင့် တိုင်း ၇ ခုနှင့် ပြည်နယ် ၁ ခု​တို့တွင် နေရာပေါင်း ( ၃၀၀ )အနိုင် ရရှိထား​ကြောင်း သိရသည်။

    Red News Agency

  • ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် NLD က ပြိုင်ဘက် USDP ကို မဲ ၄၇၀၀၀ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ

    ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် NLD က ပြိုင်ဘက် USDP ကို မဲ ၄၇၀၀၀ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ

    ဇင်လင်းနိုင်
    ရှမ်းပြည်နယ်၊ နိုဝင်ဘာ ၉ ။

    ​၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ် အရ ကလောမြို့နယ် ပြ​​ည်သူ့လွှတ်တော်နေရာအတွက် NLD မှ ​ဒေါ်ပြုံးကေသီနိုင်က ပြိုင်ဘက် USDP မှ ဒေါက်တာနန္ဒာလှမြင့်အား မဲ ၄၇၀၀၀ ကျော်ဖြင့်အပြတ်သတ်လအနိုင်ရရှိခဲ့ကြောင်း သိရသည်။

    NLDမှ ​ဒေါ်ပြုံးကေသီနိုင်က ၇၈၅၅၂ မဲရရှိခဲ့ပြီး USDP မှ ဦးနန္ဒာလှမြင့်က ၃၀၈၁၀ မဲ ရရှိကာ NLD မဲ ၄၇၇၄၂ ဖြင့် အသာစီးရရှိခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • ဒေါက်ဖိနပ်လျှောက်သံ သီချင်းဖြင့် NLD ပါတီဝန်းရံထောက်ခံသူ ထောင်ချီကာ အဖွဲ့ချုပ်ရုံးရှေ့တွင် စုရုံးကာ အောင်ပွဲခံ

    ဒေါက်ဖိနပ်လျှောက်သံ သီချင်းဖြင့် NLD ပါတီဝန်းရံထောက်ခံသူ ထောင်ချီကာ အဖွဲ့ချုပ်ရုံးရှေ့တွင် စုရုံးကာ အောင်ပွဲခံ

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၉ရက်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါက်ဖိနပ်လျှောက်သံ သီချင်းများအပါအဝင် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများဖြင်​့ ထောင်ချီ အင်အားရှိသော ဝန်းရံထောက်ခံပြည်သူများက ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးရှေ့တွင် အောင်ပွဲခံလျက်ရှိနေကြောင်း သိရသည် ။

    Red News Agency