ဂျန်ဂင်တို့စခန်း

“ချန်ဂင်တို့စခန်း” (၄)

“ချန်ဂင်တို့စခန်း” (၄)

နေရောင်ခြည်ရဲ့အရသာ လရောင်ဖြာတဲ့ အလှအပဆိုတာ စာဖွဲ့လို့မကုန်မှန်း ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဒီကာလကတော့ နေ့နေ့ညည မီးပုံဘေး လက်ထိုင်ကင်နေရတာ လူတောင် ကြပ်ခိုးတွေစွဲနေပလား မသိ။ စခန်းရောက်ကာစကဆို မီးကိုလုပ်ကျွေးသော ဆာဒူးကြီးအလားပဲ။ အိမ်ပတ်ပတ်လည် ထင်းခြောက်တွေ လိုက်ကောက်ပြီး မီးပုံထဲ မပြတ်ထည့်ပေးနေရတာ။ သွားရင်းလာရင်း သစ်ခြောက်ဝါးခြောက် မြင်မြင်သမျှ ကောက်ကောက်သယ်လာတာ ထင်းဆိုက်ဖို့။  ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့…
Read More