Tag: Myingyan Black Tiger (MBT)
-

ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်
RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။“ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=TVjrW5PuBlA[/embedyt]Red News Agency -

စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့
RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း -၃ အခြေချ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများက ယနေ့ နံနက် ၅ နာရီခန့်က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ကူပါ ယူခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားချိန် နံနက် (၇) နာရီခန့်၌ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များ လာရောက်ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများကို ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့သည်အထိ စစ်ကောင်စီတပ် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MBT ကထုတ်ပြန်ထားသည်။
-

မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ
RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်များရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း – Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။မြင်းခြံခရိုင် PDF ရဲဘော်များ ပူးပေါင်းကာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)” အဖြစ် မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။ -

“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့
RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိိ စစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက Myingyan District Special Operation (MDSO) “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ဩဂုတ်လ ၁၀ ရက်မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲများ ဆင်နွှဲခဲ့ကြောင်း Myingyan Black Tiger (MBT)ထံမှ သိရသည်။“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အတွင်း မြင်းခြံမြို့ ခမရ- ၁၅ တပ်ရင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံပျူစခန်း၊ သစ်ပင်ရှည်ကျေးရွာအနီး တိုက်ပွဲ၊ ပျော်ဘွယ် စံပြကျေးရွာအနီး တိုက်ပွဲ၊ ရွာကြီးကျေးရွာအနီးတိုက်ပွဲနှင့် နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီး တိုက်ပွဲတို့အား များဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိအပါအဝင် အနည်းဆုံး (၉) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း၊ မဟာမိတ်တပ်ဖွဲမှ ရဲဘော်တဦး ကျဆုံးခဲ့သည်ဟု သိရသည်။ -

မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော
RNA_မေ(၇)၊၂၀၂၄ခုနှစ်။ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။“ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။[embedyt] https://www.youtube.com/watch?v=GtyYML7b0Gk[/embedyt]MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်း ရေစကြိုမြို့နယ် စသည့် နယ်မြေများအတွင်း လှုပ်ရှားနေသည်ကို တွေ့ရှိရပြီး လက်တလောအခြေအနေတွင် “မြို့ပြဆီသို့” ကမ်ပိန်းပြုလုပ်နေပြီး ခဲယမ်းများဝယ်ယူနေကြောင်း၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများလည်း ဆင်နွှဲနေကြောင်း MBT တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။“မြို့ပြဆီသို့” ကမ်ပိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် ပြည်သူများအနေဖြင့် MBT တပ်ဖွဲ့၏ လူမှုကွန်ရက် https://www.facebook.com/MyingyanBlackTiger တွင်လည်းစုံစမ်းနိုင်ကြောင်း သိရသည်။#RedNewsAgency