မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို PDF ရဲဘော်များ ကူညီ

RNA_မေ(၁၇)၊၂၀၂၃ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားရသည့် ပြည်သူများ၏ နေအိမ် အဆောက်အဦပျက်စီးထိခိုက်မှုများ အပါအဝင် နိုင်ရာတာဝန်များကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ရဲဘော်များက ကူညီမှုများပေးခဲ့ကြောင်းသိရသည်။

မိုခါမုန်တိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်လည်း စစ်ဘေးရှောင်ရာ ယာယီနေအိမ်တဲတိုက်များစွာ ပြိုလဲပျက်စီးခဲ့ကြရပါတယ်။‌ အဲ့ဒီရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်သမားလယ်သမားများ အားကိုးအားထားပြုရတဲ့ ဒေသထွက်စိုက်ပျိုးသီးနှံများအပါဝင် သိုလှောင်ရိက္ခာတချို့နဲ့အသုံးအဆောင်ပစ္စည်းများစွာ ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။ ထိုသို့ စစ်ဘေးရေဘေးသင့်ပြီး စိတ်အားကိုယ်အားဖြင့် ဒုက္ခအတိရောက်ရှိနေကြတဲ့ ပြည်သူလူထုကို ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦး ရဲဘော်များက ပြိုလဲပျက်စီးသွားခဲ့တဲ့ပြည်သူ့နေအိမ်များကို ဝိုင်းဝန်းရှင်းလင်း‌ပေးခဲ့ကြပြီး စိတ်အားကိုယ်အားပင်ပန်းနွမ်းနယ်နေကြတဲ့ပြည်သူလူထုကိုလည်း ပြည်သူ့ဒုက္ခကိုယ့်ဒုက္ခလို့မှတ်ယူကာ အခုလို နိုင်ရာဝန်ကိုထမ်းပြီး ဝိုင်းဝန်းအားပေးကူညီခဲ့ကြတာဖြစ်ပါတယ်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ကထုတ်ပြန်ပြောကြားထားသည်။

ဒေသခံပြည်သူများသည်စစ်အာဏာရှင်ဆန်ပကျင်ရေးကိုတက်ကြွစွာပါဝင်နေသည့်အတွက်စစ်ကောင်စီတပ်၏အငြိုးတကြီးမီးရှို့ဖျက်ဆီးခံရမှုအပါအဝင်ဖိနှိပ်မှုမျိုးစုံခံနေကြရကြောင်း၊ဒေသခံပြည်သူများသည်ကျေးရွာများကိုစွန့်ခွါပြီးစစ်ဘေးကင်းလွတ်ရာများကိုထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ယင်းသို့မျိုးစုံဖိနှိပ်ခံနေရသည့်ကြားမှမေလ၁၄ရက်နေ့ကရခိုင်ပြည်နယ်ကိုဦးတည်ဝင်ရောက်လာသည့်မိုခါမုန်တိုင်း၏ဒဏ်ကိုလည်းခံစားနေကြရကြောင်းသိရသည်။

Red News Agency

By Editor