စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

Written by

in

RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

ကရင်နီတပ်မတော် ( KA) နှင့် ကရင်နီအမျိုးသားများကွယ်ကွယ်ရေးတပ်ဖွဲ့ ( KNDF) တို့က ဆိုမိုကျေးရွာအနီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကြောင်းက လက်ဆက်ရှိနေပြီး ပြည်သူများစွာ မီးရှို့သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မင်းအောင်လှိုင်ဦး‌ဆောင်သည့် အာဏာသိမ်းစစ်တပ်သည် ကရင်နီပြည်တွက် တရက်တည်း ကလေး၊ အမျိုးသမီးအပါအဝင် ပြည်သူ (၄၀) ကျော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ကရင်နီပြည်ကို စစ်ကြောင်းများ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ တသိန်းခွဲ (၁၅၀၀၀၀) ဝန်းကျင် စစ်ဘေးရှောင်နေကြရကြောင်း၊ ပြည်သူ (၄၀) ကျော်ကို တရက်တည်း ရက်ရက်စက်စက်သတ်ဖြတ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်မှုအား ပြောင်ပြောင်းတင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *