Tag: လေးကေ့ကော်

  • လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီသည် ဆိုးရွားပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေး‌ကေ့ကော် ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီးလျှက် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ယနေ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်တောင်းဆိုထားသည်။

    Red News Agency

  • လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံး

    လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံး

    လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်/ကျည်ဆန်အများအပြား သိမ်းဆည်းရမိ

     

    RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    လေးကေ့ကော်၊ မေတ္တာလင်းမြိုင်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း NUG ၏ PVTV မှ သတင်းထုတ်ပြန်ခဲ့သည်။

    လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား ၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ယောက်၊ ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးပြီး၊ ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

    ဓါတ်ပုံ – စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)

    Red News Agency

  • လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    လေးကေ့ကော်မြို့တွင်းဝင်ပြီး နှောက်ယှက်ဖျက်ဆီးမှုသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်သည်ဟု KNU ဗဟို ထုတ်ပြန်

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်များ လေးကေကော်မြို့ တွင်းသို့ ဝင်ရောက်လာပြီး နှောက်ယှက်ဖျက်ဆီးမှုများသည့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာကိုလည်း ပြုမူကျင့်သုံးနေခြင်းဖြစ်သည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်လိုက်သည်။

    အာဏာသိမ်း စစ်ကောင်စီ၏တပ်များ ဒီဇင်ဘာလ ၁၄ ရက်နေ့က လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်ပြီး ရှာဖွေစစ်ဆေးမှုနှင့်ဖမ်းဆီးမှုပြုလုပ်နေချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့သည် စစ်ရေးပြင်ဆင်မှုအသင့်အနေအထားမှာရှိခဲ့ကြောင်း၊ ပစ်ခတ်မှုပြုလုပ်ပါက ပြည်သူလူထု အခက်အခဲများနှင့် ထိခိုက်သေဆုံးမှုများ ရှိလာမှာကို စိုးရိမ်သဖြင့် ပစ်ခတ်ခြင်းမပြုခဲ့ကြာင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဝင်ရောက်ပြီး ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် KNLA တပ်ရင်း ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်က စဖွင့်လိုက်သည့် တိုက်ပွဲများကြောင့် ၂ ရက်အတွင်း လေးကေ့ကော်၊ မယ့်ထော်သလေး စသည့်ကျေးရွာများက စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၁၅၀၀ ကျော်ယနေ့ ရောက်ရှိသွားကြောင်း သိရသည်။

    ‌မြဝတီမြို့တောင်ဘတ် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်စောစော ဝင်ရောက်ရှာဖွေခြင်း၊ KNU ထံ ခိုလှုံသူတချို့ကို ဖမ်းဆီးခြင်း စသည်တို့ကို လုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ပြီး စစ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

    (more…)

  • လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

    လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားများအားလုံး လက်နက်မဲ့၊ ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထု၏ ခိုလှုံရာ နေထိုင်ရာနေရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ယနေ့တွင် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌစောရွှေမောင်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

    Red News Agency

  • မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

    မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် လေးကေ့ကော်ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို ယနေ့ နံနက်က KNU တပ်မဟာ (၆) နယ်မြေအရောက် မဲထော်ကလေး နှင့် ပဲဟိကလော် အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် မဟာမိတ်တချို့က ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက လေးကေ့ကော်အနီးကို စတင်ပစ်ခတ်ခြင်းဖြစ်ကာ ဒေသခံ KNU တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ထောင်ချီစစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် နယ်မြေအတွင်း ခိုလှုံနေသူများကို ဝင်ရောက်ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုများရှိပြီး ဒဏ်ရာရရှိသူညများပြားခဲ့ကြောင်း၊ လေးကေ့ကော် ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ် တပ်စွဲထားပြီး နေအိမ်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း သိရသည်။

    လေးကေ့ကော်အတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများ မြဝတီဘက် ထွက်မရဖြစ်နေသည့်အတွက် စစ်ကူများ လာချိန် လမ်းမှာ ဖြတ်တိုက်ခံနေရခြင်း ဖြစ်သည့်အတွက် ဒဏ်ရာရရှိသူများ ထပ်မံသေဆုံးနိုင်ပြီး၊ ပြီးခဲ့သည့်နေ့ တိုက်ပွဲတွင် ဗိုလ်ကြီးအဆင့်အပါအဝင် သေဆုံးခဲ့ကြရပြီး ဒုတိယဗိုလ်မှူးကြီးအဆင်အပါအဝင် ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

    Red News Agency

  • လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

    လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    “တရားသောစစ် နိုင်ရမည်၊ ပြည်သူ့ဘက်သား ရဲဘော်များနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံပါစေ၊အာဏာရူးတွေ ကျဆုံးပါစေ” ဟုဆိုကာ လေးကေ့ကော်၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဖြစ်ပွါးနေသော တိုက်ပွဲတွင် တရားသောစစ်ပွဲအောင်နိုင်ဖို့ရန်အတွက် ယနေ့ည ဧရာဝတီတိုင်း ကရင်လူငယ်များက ဆုတောင်းခဲ့ကြကြောင်း သိရသည်။

    Photo: Ayeyarwaddy Karen Youth Seminar

    Red News Agency

  • စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

    စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် (၁၀) မိုင် ဝန်းကျင်က လေးကေ့ကော်နယ်တဝိုက် ယနေ့ နံနက်မှစတင်ကာ ဖြစ်ပွားနေသည့်တိုက်ပွဲများမှာ ယနေ့ ညနေ ညနေ (၆) နာရီဝန်းကျင်မှာ တိုက်ပွဲများထပ်မံ ဖြစ်ပွားနေသည်။

    နံနက်ပိုင်း စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)စသည့် မဟာမိတ်တို့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က တပ်သား အရာရှိအပါအဝင် အနည်းဆုံး (၆) ဦးသေပြီး၊ (၈) ဦးဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ” တိုက်ပွဲက ‌မနက်ကဖြစ်တယ် နေ့လည်ပိုင်းခဏရပ်သွား အခုညနေတခါ ပြန်ချနေတယ်၊ ဖြစ်ကြပြီဆိုတော့ ညတွေလဲ ဖြစ်လာနိုင်တယ်၊ ‌အချိန်ပြည့်သတိနဲ့နေရတယ်၊ စခတွေဘက်က လက်နက်ကြီး ပစ်ကူယူတယ်၊ အခုက နယ်မြေစိုးမိုးရေး အချိန်ပြည့်အသင့်အနေအထားနဲ့ ပစ်လိုက် ရပ်လိုက်ဖြစ်တော့မှာ ညှိလို့ရတဲ့အနေအထားက ကုန်သွားပြီတယ်” ဟု လေးကေ့ကော်အနီးတဝိုက် ရောက်နေသူ တဦးက ပြောသည်။

    စစ်ကောင်စီတပ်အထိနာပြီး ဒဏ်ရာရရှိသူများများကြောင်း၊ စစ်ကူများ ထပ်ရောင်လာနိုင်ကြောင်း၊ လေးကေ့ကော်အပါအဝင် ဖလူး၊ထီးမယ်ဝါးခီး စသည့်ကျေးရွာများက ပြည်သူ ၁၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

    Red News Agency

  • လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

    လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

    RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် စစ်ရှောင်အိမ်ယာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် ယနေ့ တိုက်ပွဲစဖြစ်နေပြီဟု ဒေသခံများထံက သိရသည်။

    “စစ်ကောင်စီတပ်က တောင်ပါ်ကနေ အမြောက်နဲ့စထုတာပေါ့၊ ရွာထဲထုတာ တော့ မဟုတ် သေးဘူး၊ အနီးအနား တောထဲကို လှမ်းပစ်တာပါ့၊ KNLA နဲ့ PDF တွေကလဲ ပြန်ပစ်ကြတယ်ထင်တယ်၊ သေချာတာက တော့ လေး ကေ့ကော်ဝန်းကျင်မှာ ဒီနေ့တိုက်ပွဲစတာပဲ” ဟု လေး‌ကေ့ကော်အနီးအနားက ပြည်သူတဦးက ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်တို့နှင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် KNU နယ်မြေအတွင်းမကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း သိရသည်။

    Red News Agency